ကိုလံဘီယာနိုင်ငံရှိ လေဆိပ်တစ်ခုတွင် အဆိပ်ပြင်း Harlequin ဖားအကောင်ရေ(၁၃ဝ)ကို ဖမ်းဆီးရမိခဲ့
Pika (NSS) - ဇန်နဝါရီ ၃၁
ကိုလံဘီယာအာဏာပိုင်များသည် ဘိုဂိုတာလေဆိပ်တွင် တရားမဝင် မှောင်ခိုတင်သွင်းလာသော အဆိပ်ပြင်း ဖားအကောင်ရေ(၁၃ဝ) ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ကိုသယ်ဆောင်လာသည့်အမျိုးသမီးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် ပနားမားမြို့တွင် ခရီးတစ်ထောက်နားခဲ့ပြီး Sao Paulo မြို့သို့ ဆက်သွားခဲ့ချိန်အတွင်း ဘူးများထဲတွင် အရောင်စုံ harlequin အဆိပ်ပြင်းဖား (oophaga histrionica) များကို ထည့်ကာ သယ်ဆောင်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒေသခံအသိုင်းအဝိုင်းတစ်ခုက အဲဒီအဆိပ်ပြင်းဖားတွေကို လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သူမက ပြောခဲ့ပါ တယ်" ဟု ဘိုဂိုတာမြို့ ပတ်ဝန်းကျင်ရေးရာ အတွင်းရေးမှူး Adriana Soto က ပြောခဲ့သည်။
Harlequin ဖားများသည် အဆိပ်ပြင်းဖားများဖြစ်ပြီး အတိုင်းအတာမှာ (၅)စင်တီမီတာအောက်သာရှိကာ အီကွေဒေါ နှင့် ကိုလံဘီယာနိုင်ငံကြားရှိ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် စိုစွတ်သောသစ်တောများအပြင် အမေရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိနိုင်ငံများတွင်လည်း နေထိုင်ကျက်စားကြကြောင်း သိရသည်။
ဘိုဂိုတာမြို့ ရဲမှူး Juan Carlos Arevalo က "ဒီလိုမျိုးသုဉ်းလုနီးပါး ဖားမျိုးစိတ်တွေကို နိုင်ငံတကာဈေးကွက်တွေ က ရှာဖွေနေတာပါ။ ဒီလိုမျိုးစိတ်တွေကို စုဆောင်းတဲ့လူတွေဟာ တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၁ဝဝဝ) လောက်ထိ ပေးကြပါတယ်" ဟု ပြောခဲ့သည်။
အဆိပ်ပြင်းဖားများကို သယ်ဆောင်လာသည့်အမျိုးသမီးကို အစိုးရရှေ့နေရုံးများသို့ လွှဲပြောင်းမပေးမီ တောရိုင်း တိရစ္ဆာန်များကို ခြေရာခံမှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တိရစ္ဆာန်မှောင်ခိုကူးမှုများသည် ကိုလံဘီယာနိုင်ငံတွင် အဖြစ်များပြီး အထူးသဖြင့် ကုန်းနေရေနေသတ္တဝါများ၊ နို့တိုက်သတ္တဝါငယ်များ နှင့် ငါးမန်း ကဲ့သို့သော ရေနေသတ္တဝါများ၏ အစိတ်အပိုင်းများကို မှောင်ခိုကူးလေ့ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲပေါ်ချိန် တရုတ်နှစ်ကူး အမှီ အထက်မြန်မာပြည် “ပဲ” ဈေးတက်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း