Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်၊ ဗြိတိန်တို့နှင့် ရေရှည်ထိပ်တိုက်ရင်ဆိုင်မှုများအတွက် အသင့်ရှိနေကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော

Pika (NSS) - ဇန်နဝါရီ ၃၁ 

ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်၊ ဗြိတိန်နိုင်ငံတို့နှင့် ရေရှည်ထိပ်တိုက်တွေ့ဆုံမှုများ လုပ်ဆောင်ရန်အတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဟူသီလက်နက်ကိုင်တပ်ဖွဲ့တပ်မှူး  Mohamed al-Atifi က ထုတ်ပြန်ပြောကြားခဲ့သည်။ 

"အာဏာရှင်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့အင်အားစုတွေနဲ့ ရေရှည်ထိပ်တိုက်ရင်ဆိုင်မှုတွေအတွက် ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ အမေရိကန်နဲ့ဗြိတိန်တို့အပါအဝင် သူတို့ရဲ့မိတ်ဖက်နိုင်ငံတွေဟာ ကျွန်တော်တို့ ရဲ့အချုပ်အခြာအာဏာပိုင်ဆုံးဖြတ်ချက်ကို နားလည်မှာပါ။ ပြီးတော့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးငြင်းခုံမှုတွေ မရှိပါဘူး" ဟု ပြောခဲ့သည်။


အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုများလုပ်ဆောင်မှုနှင့်အတူ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ အမေရိကန် နှင့် အခြားပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ တစ်ဝိုက်တွင် တင်းမာမှုများမှာ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အမေရိကန် နှင့် ဗြိတိန်တို့၏တပ်ဖွဲ့များသည် ပင်လယ်နီအတွင်း သွားလာနေ သော သင်္ဘောများတိုက်ခိုက်ခံရမှုကို ကာကွယ်ရန်အတွက် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ် များကို ပူးတွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ 

အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့၏ တိုက်ခိုက်မှုများရှိနေသော်လည်း ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြု ပြောခဲ့သည်။ 

ဆီးရီးယားနိုင်ငံ နယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အနောက်မြောက်ပိုင်းတွင်ရှိသော အမေရိကန်တပ်ဖွဲ့များကို အီရန် ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့များက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် အနည်းဆုံး (၃)ဦး သေဆုံးကာ အခြားတပ်ဖွဲ့ဝင်(၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ဇန်နဝါရီလ(၂၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များ ကို လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု အမေရိကန်စစ်တပ်က ကတိပြုခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရည်းစားဟောင်းမိန်းကလေးကို အရှင်လတ်လတ်မီးရှို့ခဲ့သည့် ဗင်နီဇွဲလားနိုင်ငံသားကို ပီရူးနိုင်ငံသို့ လွှဲပြောင်းပေးခဲ့

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved