ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ
Pearl (NSS) - ဇန်နဝါရီ ၃၁
ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံ ခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စု၊ ဘာဘူကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် အမှတ် (၉ဝ၁) ကုန်တင်ရထားသည် ဘာဘူကုန်းကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၁ဝ၃ မိုင် ၁၂ ဖာလုံ နှင့် ၁ဝ၃ မိုင် ၁၃ ဖာလုံကြားသို့ရောက်ရှိချိန်တွင် အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရထားကတော့ ကုန်တင်ရထား ခရီးသည်တင် ရထားမဟုတ်ဘူး။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် မီးရထားခေါင်းတွဲ နှင့် ခေါင်းတွဲနောက်၌ (၂ဝ)ဒီဂရီခန့် တိမ်းစောင်းသွားခဲ့ကာ မီးရထားအရှေ့ဘက်ခြမ်းရှိ သံလမ်းအရှည် (၈)ပေခန့်မှာ ကွေးသွားပြီး အနောက်ဘက်ခြမ်းသံလမ်း အရှည်ပေ (၅ဝ) ခန့်မှာ အရှေ့ဘက်သို့ (၁)ပေခန့် နေရာရွေ့သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇလီဖာတုံး(၆)တုံးခန့် ပျက်စီးသွားခဲ့ပြီး ဇလီဖာတုံး(၇၂) တုံးခန့် နေရာရွေ့သွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ယနေ့အချိန်ထိ မြန်မာ့မီးရထား လမ်းကွန်ယက်တစ်ခုလုံးတွင် ဘူတာအဆောက်အဦး နှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးမှု (၁၂) ကြိမ်၊ မီးရထားတံတားများအား မိုင်းခွဲဖျက်ဆီးမှု (၄၆) ကြိမ်၊ ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်၊ မိုင်းခွဲခြင်း (၁၃၀) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၊ ဗြိတိန်တို့နှင့် ရေရှည်ထိပ်တိုက်ရင်ဆိုင်မှုများအတွက် အသင့်ရှိနေကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း