ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းအရေအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြင်ဆင်
မြူနစ် (NSS) - ဇန်နဝါရီ ၃၁
ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းအရေအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နစကမှ ပြန်လည်ပြင်ဆင်လိုက်သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ယမန်နေ့(ဇန်နဝါရီ ၃ဝ ရက်) တွင် နစကမှ ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ယခင်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၌ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း(၉ဝ)အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀၀၀)ကို စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားသည်။
၎င်းကဲ့သို့ ပြဋ္ဌာန်းထားမှုအပေါ် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအနေဖြင့် ရွေးကောက်ပွဲကျင်းပ မည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း (၉ဝ)အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၅၀၀၀၀) စည်းရုံးရမည်ဟု နစကမှ ပြန်လည်ပြင်ဆင်လိုက်သည်။
ထို့ပြင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ စ၍ ရက်ပေါင်း (၁၈ဝ)အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်း ဖွင့်လှစ်ရမည် ဟု ယခင်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။
လက်ရှိတွင် ၎င်းပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မ တိုင်မီ အနည်းဆုံးရက်ပေါင်း (၉ဝ) အတွင်း မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံတွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ပြန်လည်ပြင်ဆင်လိုက်သည်။
ထို့အတူ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ငွေစာရင်းဖွင့်လှစ်ထားသည့် ပါတီ ရန်ပုံငွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အမိန့် (သို့မဟုတ်) ညွှန်ကြားချက်နှင့်အညီ သုံးစွဲခွင့် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဖြေလျှော့ပေးလိုက်ခြင်းသည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၏ ရလာဒ်ဖြစ်သည်ဟုလည်း နိုင်ငံရေးပါတီများက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၏ ဥက္ကဋ္ဌဟောင်း အပါအဝင် ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိက ခေါင်းဆောင် ၆ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း