ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၏ ဥက္ကဋ္ဌဟောင်း အပါအဝင် ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိက ခေါင်းဆောင် ၆ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်
သုတကျော် (NSS) - ဇန်နဝါရီ ၃၁
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၏ ဥက္ကဌဟောင်း အပါအဝင် ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့အဓိက ခေါင်းဆောင် ၆ ဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန် အသိပေးထားချက်အရ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃ဝ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ ၁ဝ ဦးကို ထိုနေ့ညတွင်ပင် တရုတ် နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင် ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင်ဖြစ်ကြောင်း နှင့် ယင်းသည် နှစ်နိုင်ငံက နိုင်ငံ ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကို ပူးတွဲတိုက်ဖျက်ခြင်း၊ အတူလက်တွဲကာ လုံခြုံရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်း သည့် ပြတ်သားသောသန္နိဋ္ဌာန်ချက်နှင့် ခိုင်မြဲသောစိတ်ဓာတ်ကို အပြည့်အဝထင်ဟပ်စေသည်ဟု တရုတ်သံရုံး ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း “အဆိပ်အတောက်” ကို ပြတ်သားစွာ အမြတ် ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကနဦးကာလ အဆက်မပြတ်တိုက်ဖျက်မှုကြောင့် လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှု ကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၄၄,ဝဝဝ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉ဝ၈ ဦးပါဝင်ကာ အွန်လိုင်းလိမ်လည်သည့်အဖွဲ့များကို ပြင်းထန်စွာထိုးနှက်လိုက်ပြီး တိုက်ဖျက်ရေးလုပ်ငန်းသည် သမိုင်းဝင် အရေးပါကြီးမားသော ရလဒ်များရရှိခဲ့သည်ဟု ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံက NUG အဖွဲ့ကို မသိကျိူးကျွံပြု လျစ်လျူရှုမှုများ ဆက်လက်လုပ်ဆောင်နေဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း