မြောက်ကိုရီးယားနိုင်ငံက ခရုဇ်ဒုံးကျည်အများအပြားကို ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၃ဝ
မြောက်ကိုရီးယားသည် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ၎င်းနိုင်ငံ၏ အနောက်ဖက်ကမ်းရိုးတန်းရှိ ရေပြင်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြားကို ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက "ဇန်နဝါရီလ(၃၀)ရက် နံနက်(၇)နာရီအချိန်ခန့်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ အနောက်ဖက်ပင်လယ်ပြင်ထဲကို ပစ်လွှတ်လိုက်တဲ့ခရုဇ်ဒုံးကျည်အများအပြားကို တောင်ကိုရီးယားစစ်တပ်က ခြေရာခံတွေ့ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေဟာ အသေးစိတ်ခွဲခြမ်း စိတ်ဖြာမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ တောင်ကိုရီးယားစစ်တပ်ဟာ ထောက်လှမ်းရေးနဲ့ သတိအမြဲ ရှိနေဖို့အတွက် အမေရိကန်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေကို အနီးကပ်စောင့်ကြည့်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု သတင်း ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီကချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများတွင် ခရုဇ် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်းကို တားမြစ်ထားခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုထားသော တင်းမာမှုလျှော့ချရေး သဘောတူညီချက်များကို ဖျက်သိမ်းခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေးများကို ပိုမိုမြှင့်တင်ကာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ ကြပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများမှာ ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အစတွင် ရေအောက်သုံးနျူကလီးယားလက်နက်စနစ် နှင့် လောင်စာဆီ အခဲသုံး အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျည်တို့ကို စမ်းသပ်ခြင်းများ အပါအဝင် လက်နက်စမ်းသပ်မှုများကို ပိုမိုအရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်အသစ်ကို ရေငုပ်သင်္ဘောပေါ်မှ စမ်းသပ်ပစ်လွှတ်မှုအား ကိုယ်တိုင်ကြီးကြပ်ခဲ့ ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီလ(၂၉)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာဈေးမြင့်တက်ကာ ရွှေဈေး မတည်ငြိမ်မှုကြောင့် အရောင်းနည်းပြီး ဈေးကွက်အေးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ