မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်သင့်ကြောင်း အကြံပြု
သုတကျော် (NSS) - ဇန်နဝါရီ ၃ဝ
မြန်မာနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ကြားဖြတ်အစိုးရဖွဲ့စည်းကာ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်သင့်ကြောင်း မြန်မာ့အရေးသုံးသပ်လေ့လာသူဖြစ်သူ၊ ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည့် ဦးလှဌေး က NP News ကတဆင့် အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံတွင် မျှတသော ဖက်ဒရယ်အခြေခံဥပဒေကို ရေးဆွဲကာ ငြိမ်းချမ်းမှုကို ရယူတည်ဆောက်ရမည်ဖြစ်ပြီး အချိန်တစ်ခု ယူရမည်ဖြစ်သော်လည်း အချိန်ကြန့်ကြာနေလျှင် ပြည်ထောင်စုပြိုကွဲသည်အထိ အန္တရာယ်ရှိကြောင်း လည်း ၎င်းက ဆိုသည်။
“ကြားဖြတ် အစိုးရပေါ့ဗျာ။ ညွန့်ပေါင်းအစိုးရကတော့ သိပ်အလုပ်မဖြစ်ဘူး။ ကြားဖြတ်အစိုးရကနေပြီးတော့ ရွေးကောက်ပွဲကြီးကို လုပ်လိုက်။ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ပေါ်ပေါက်လာပြီ။ လွှတ်တော်ဆိုတာက People power ဗျ။ အဲဒီလွှတ်တော်ကနေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ၊ Stakeholder တွေ၊ ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ မပါမဖြစ် ပါရမယ့် ပုဂ္ဂိုလ်တွေကို အကုန်လုံးခေါ်ပြီး ဖက်ဒရယ်ဥပဒေကြမ်းကို အားလုံး ရအောင်ဆွဲ။ ဥပဒေကြမ်း ပေါ်ပေါက်တာနဲ့ လွှတ်တော်မှာ တင်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံကို အတည်ပြုပြီးသွားရင် ငြိမ်းချမ်းဖို့အတွက် အမြန်ဆုံး နည်းလမ်းပဲ” ဟု ၎င်းက ဆိုသည်။
အထက်ပါနည်းလမ်းသည် ၎င်း၏ အယူအဆဖြစ်ပြီး လွှတ်တော်နည်းလမ်းသည်သာ အမြန်ဆုံး နည်းလမ်းဖြစ်ကာ အခြားလမ်းကြောင်းက သွားမည်ဆိုလျှင် ကြန့်ကြာသည့်အပြင် အဆင်မပြေမှုများစွာဖြစ်လာမည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်ပြောတဲ့ ပုံသဏ္ဍာန်အရတော့ စိန်ခေါ်မှုက တော်တော်လေးကို နည်းသွားလိမ့်မယ်။ ဆိုတော့ တစ်ခု တော့ ရှိတယ်။ ငါတို့ ပါဝင်စေချင်တဲ့လူပဲ ပါဝင်တယ်ဆိုတာမျိုးတော့ မဟုတ်ရဘူး။ တကယ် ပါဝင်သင့်တဲ့သူတွေ အားလုံး ပါကို ပါရမယ်။ အဲဒီလိုပုဂ္ဂိုလ်တွေ ပါလာမယ် လုပ်နိုင်မယ် ဆိုရင်တော့ စိန်ခေါ်မှုတွေက တော်တော်လေး ကို နည်းသွားလိမ့်မယ်” ဟု ဦးလှဌေးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် အထပ်မြင့်ဆောက်လုပ်မှုများလာပြီး တိုက်ခန်း အရောင်းအဝယ် သွက်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ