တာချီလိတ်မြို့တွင် PNLO အဖွဲ့ဝင် အပါအဝင် လူ(၅)ဦး နှင့် ထိုင်းနိုင်ငံသား (၂) ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
Pearl (NSS) - ဇန်နဝါရီ ၃ဝ
တာချီလိတ်မြို့နယ်တွင် PNLO အဖွဲ့ဝင် အပါအဝင် လူ (၅)ဦး နှင့် ထိုင်းနိုင်ငံသား (၂) ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်၊ ညနေ (၆) နာရီ ၃ဝ မိနစ် ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင် တွင် တရားမဝင်လက်နက်ကိုင်ဆောင်သည့်အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား (၂) ဦး နှင့် မြန်မာနိုင်ငံသား (၅) ဦးတို့အား ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသား ၂ ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်း နှင့် နိုင်းအာနုချေချဘာဂမ်း တို့ဖြစ်ပြီး ပီကျိုင်း သည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂ဝ၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိသူဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
အလားတူ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၅ ဦးမှာ ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်း နှင့် ညီနပ်တို့ဖြစ်ပြီး ၎င်းတို့အနက် ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး သည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO) မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်သင့်ကြောင်း အကြံပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း