အမျိုးသမီး(၅)ဦးကို တစ်ချိန်တည်းမှာ ကိုယ်ဝန်ရအောင်လုပ်ဆောင်ခဲ့တဲ့ လူငယ်ဂီတပညာရှင်
Pika (NSS) - ဇန်နဝါရီ ၂၉
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ဂီတပညာရှင်လူငယ်တစ်ဦးသည် အမျိုးသမီး(၅)ဦးကို တစ်ချိန်တည်းတွင် ကိုယ်ဝန်ရဆောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း စွပ်စွဲပြောဆိုခံရပြီးနောက် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည်။
အသက်(၂၂)နှစ်အရွယ် ဂီတပညာရှင် ဇက်ဒီဝယ်လ်ဆိုသူသည် အမျိုးသမီး(၅)ဦးကို တစ်ချိန်တည်းတွင် ကိုယ်ဝန် ရအောင် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြောဆိုခံခဲ့ရခြင်းကြောင့် လူအများ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရကြောင်း လည်း သိရသည်။
အဆိုပါသတင်းကို ကိုယ်ဝန်ဆောင်မိခင်(၅)ဦးထဲမှ တစ်ဦးဖြစ်သော Lizzy Ashleighက TikTok ပေါ်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇက်ဒီဝယ်လ်၏ဘေးတွင် ကိုယ်ဝန်ဆောင်မိခင်(၅)ဦးဖြစ်သည့် Lizzy Ashleigh၊Bonnie B၊ Kay Merie၊ Jylene Vila နှင့် Iyanla Kalifa တို့ဝန်းရံထားသောဗီဒီယိုဖိုင်ကို Lizzy Ashleighက TikTok ပေါ်တွင် တင်ခဲ့ပြီးနောက် အငြင်းပွားမှုများရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗီဒီယိုဖိုင်၏ ခေါင်းစဉ်တွင် "အမျိုးသမီး(၅)ဦးလုံးဟာ ကလေးတွေ ကောင်းကျိုးအတွက် အချင်းချင်းလက်ခံ ဖို့ သဘောတူညီခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ပျော်ရွှင်စရာမိသားစုလေးကိုကြည့်ပါ။ ဒီကလေးတွေအားလုံးရဲ့ဖခင်ကို ကျွန်မတို့အားလုံးချစ်ပါတယ်။ ကျွန်မတို့ကလေးတွေရဲ့ ဘဝကိုဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့မိသားစုတွေ အားလုံးက ဒီကိစ္စကို လက်ခံပါတယ်" ဟု ရေးသားထားသည်။
Lizzy Ashleigh ၏ ပို့စ်များသည် ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး TikTok ပေါ်တွင် ပြန်လည်တုံ့ပြန်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါလုပ်ရပ်မှာ ရှက်စရာကောင်းသော (သို့မဟုတ်) ဆိုးရွားသောလုပ်ရပ်တစ်ခု ဖြစ်ကြောင်း လူအချို့က ပြန်လည်တုံ့ပြန်မှတ်ချက်ပြုခဲ့ကြသည်။
အဆိုပါသတင်းများနှင့်ပတ်သက်ပြီး နောက်ထပ်အချက်အလက်များကိုသိရှိရန်အတွက် New York Post သတင်းစာသည် ဇက်ဒီဝယ်လ်၏အဖွဲ့ကို ဆက်သွယ်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ဇက်ဒီဝယ်လ်သည် ကလေး(၅)ယောက်၏ ဖခင်ဖြစ်လာမည့်ကိစ္စကို ကိုင်တွယ်နိုင်ရန်အတွက် ရင့်ကျက်နေပြီဖြစ်ကြောင်း ၎င်း၏အဖွဲ့က ပြန်လည်တုံ့ပြန်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းညီနောင်ကျေးရွာအနီး တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း ထိခိုက်ပျက်စီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ