လက်ရှိကာလ၌ နိုင်ငံရေးသမားများသည် မျိုးတုံးတော့မည့် မျိုးစိတ်တစ်ခုကဲ့သို့ ဖြစ်နေဟု ဦးကိုကိုကြီးပြော
Pearl (NSS) - ဇန်နဝါရီ ၂၇
လက်ရှိကာလ၌ နိုင်ငံရေးသမားများသည် မျိုးတုံးတော့မည့် မျိုးစိတ်တစ်ခုကဲ့သို့ဖြစ်နေဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
၎င်းက ယနေ့ (ဇန်နဝါရီလ ၂၇ ရက်)၊ ရန်ကုန်တိုင်း၊ ပုစွန်တောင်မြို့နယ်၊ မဟာဗန္ဓုလအိမ်ရာ၌ ကျင်းပခဲ့သော ပြည်သူ့ပါတီ၏ ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကာလ၌ နိုင်ငံရေးသမားများအနေဖြင့် ခြိမ်းခြောက်ဆဲဆိုခံနေရမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
"ဒီနေရာမှာ ကျွန်တော် သံဝေဂရတာ တစ်ခုရှိတယ်။ ကျွန်တော်တို့ (၈၈၈၈) အရေးတော်ပုံကြီးမှာတုန်းက တကယ့် ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားကြီးတွေ အများကြီးတွေနဲ့ ကျွန်တော်တို့ လက်ပွန်းတတီးနေခဲ့ ၊ လေ့လာသင်ယူခွင့်ရခဲ့တယ်။ အခုကာလမှာ နိုင်ငံရေးသမားဆိုတာ မျိုးတုံးတော့မယ့် မျိုးစိတ်တစ်ခုလို ဖြစ်နေတယ်။ ဒီကာလမှာ အခုလို စုံစုံညီညီနဲ့ တတ်တတ်ကြွကြွ ပါဝင်လာတယ်ဆိုတာ အစကောင်းတယ်လို့ မြင်ပါတယ်"ဟု ဦးကိုကိုကြီးက ပြောသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကာလတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအနေဖြင့်လည်း ခြိမ်းခြောက်ပြောဆိုခံနေရလျက်ရှိသည်။
"အခုလည်း ပြောရရင် ခြိမ်းခြောက်ခံနေရတာ အများကြီးရှိတယ်။ ကျွန်တော်တို့ရဲ့ အကြမ်းမဖက်နိုင်ငံရေးနည်းလမ်း လုပ်တဲ့ဟာကို ခင်ဗျားတို့လည်း ကြားပါလိမ့်မယ် ခြိမ်းခြောက်တာတွေရှိတယ်။ တစ်ချို့လည်း ရင်းရင်းနှီးနှီးသဘောမျိုးနဲ့ သတိပေး တာရှိတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ ခြိမ်းခြောက်ခံရမှုများကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီရုံးခန်း ဖွင့်လှစ်ခြင်း၊ ပါတီဝင်စည်းရုံးရေး လုပ်ငန်းစဉ်များတွင် မလုံခြုံမှုများဖြင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ပြည်ခိုင်ဖြိုးပါတီဝင်၊ ထောက်ခံသူ နှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်နှင့် အချို့သောပါတီများ၏ ပါတီဝင်အချို့သည်လည်း ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂန့်ဂေါ-ဟားခါးကားလမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ