နိုင်ငံတော် အပျက်မခံနိုင်ကြောင်းနှင့် တရားမျှတသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်သူ့ပါတီ တိုက်တွန်း
မြူနစ်/Pearl (NSS) - ဇန်နဝါရီ ၂၇
နိုင်ငံတော် အပျက်မခံနိုင်ကြောင်းနှင့် တရားမျှတသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။
ဦးကိုကိုကြီးက ယနေ့(ဇန်နဝါရီလ ၂၇ ရက်)တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလအိမ်ရာ၌ ကျင်းပသည့် ပြည် သူ့ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“ဒီကာလမှာ ပါတီဖွင့်မှာ။ ကျွန်တော်တို့ရဲ့ သံဓိဋ္ဌာန်ကို ခိုင်ခိုင်မာမာပြောချင်တာက တိုင်းရင်းသားတွေက ဘာတွေနစ်နာခဲ့သလဲ။ ဘာတွေတောင်းတခဲ့သလဲ။ ကျွန်တော်တို့ မှန်မှန်ကန်ကန်ပြန်ပြီး သုံးသပ်နိုင်ဖို့၊ လက်ခံနိုင်ဖို့ လိုပါတယ်။ အဲဒီအတွက် နိုင်ငံရေးအရ တကယ့်ကို တရားမျှတတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ဖြေရှင်းမှုတွေ လုပ်ဖို့လိုတယ်။ နိုင်ငံတော် အပျက်မခံနိုင်ပါဘူး။ ဒါကျွန် တော်တို့ ရပ်တည်ချက်၊ ရည်ရွယ်ချက်ပဲ”ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေလျက်ရှိပြီး မြို့၊ ရွာအများအပြားသည်လည်း ထိခိုက်ပျက်စီးနေလျက်ရှိသည်။
ထို့ပြင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင်လည်း အားနည်း ချက်၊ ချို့ယွင်းချက်များရှိသည့်အတွက် အရပ်ဖက်နိုင်ငံရေး သမားများအနေဖြင့် မှန်ကန်စွာ ပြန်လည်သုံးသပ်ရန်လိုအပ်သည်ဟုလည်း ၎င်းက ထပ်မံအကြံပြုထားသည်။
“နောက်တစ်ခုကတော့ လက်ရှိတာဝန်ယူနေတဲ့ တပ်မတော်ပိုင်း ငါတို့မှာ စစ်သည်အင်အားဘယ်လောက်ရှိတာပဲ၊ ဘယ်လို လက်နက်တွေ ရှိတာပဲဆိုတာလောက်နဲ့တော့ တိုင်းပြည်ကို တည်ဆောက်လို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့က ဖြစ်နေတဲ့ ပြဿနာတွေအပေါ်မှာ ကိုယ်မှန်သူမှားပေါ့ ကိုယ့်အမှန်တရားကို ဇွတ်တည်ဆောက်ပြီးတော့မှ ကိုယ်က ဘယ်တော့မှ မမှားဘူး။ သူ့ကြောင့်၊ သူတို့ကြောင့်ဆိုပြီးတော့ အပြစ်ရှာတာထက်ကို အဖြေရှာတဲ့ စိတ်နေစိတ်ထားမျိုး အဖွဲ့အသီးသီးက သုံးသပ်ဖို့၊ ပြောင်းလဲဖို့ လိုတယ်လို့ မြင်တယ်”ဟု ဦးကိုကိုကြီးက ပြောဆိုထောက်ပြသည်။
လက်ရှိတွင် နိုင်ငံတော်အာဏာရယူထားသော အဖွဲ့အစည်းအနေဖြင့်လည်း ကောင်းမွန်သည့် နိုင်ငံရေးမျှော်လင့်ချက်ကို ပြန်လည်ဖန်တီးပေးရန် လိုအပ်နေကြောင်းလည်း ပြည်သူ့ပါတီက တိုက်တွန်းထားသည်။
နိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များကြားတွင် တိုက်ပွဲများ ပြင်းထန်နေလျက်ရှိပြီး ဒေသခံပြည်သူအများအပြားသည်လည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်(၃၃)စင်းနှင့် စစ်သင်္ဘော(၇)စင်းတို့ကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ