ထိုင်းမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ ခြင်္သေ့(၂)ကောင်ကိုဖမ်းဆီး
ရောင်နီ (NSS) - ဇန်နဝါရီ ၂၇
ထိုင်းနိုင်ငံ၊ ဘန်လန်မန်ခရိုင်မှာ ခြင်္သေ့တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့အကြောင်း တိုင်းကြားချက်ရရှိပြီးနောက် ချန်ဘူရီ ထိုင်းရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါအိမ်မှာ အိမ်ငှားဖြစ်သူ ဂျာရန်နာပွန်ကဲဆိုင်(၂၈ နှစ်) အမည်ရှိ အမျိုးသမီးက ဝန်ထမ်း(၂)ဦးနဲ့အတူ ခြင်္သေ့ (၂)ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတာဖြစ်ပါတယ်။ အဲဒီခြင်္သေ့နှစ်ကောင်ဟာ လမ်းပေါ် မကြာခဏဆိုသလို သွားလာနေတာရှိတာကြောင့် ဒေသခံတွေက ဘေးကင်းရေးအတွက် စိုးရိမ်ခဲ့ပြီး ဒီသီတင်းပတ်အစောပိုင်းက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ချွန်ဘူရီရဲတပ်ဖွဲ့နဲ့ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဌာန (DNP) တို့မှ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၂၅ ရက်က ဘန်လာမန်ခရိုင်ရှိ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အသက် (၁၀)လအရွယ် Rottweiler အမျိုးအစား ခြင်္သေ့(၂)ကောင်ကို တွေ့ရှိဖမ်းမိခဲ့ပါတယ်။ ခြင်္သေ့တွေကို အီလက်ထရွန်နစ်ထိန်းချုပ်ထားတဲ့ တံခါးတွေနဲ့ အရံအတားပြု မွေးမြူခဲ့တာဖြစ်ပေမယ့် တစ်ခါတစ်ရံ ဂိတ်ချို့ယွင်းတဲ့အခါ ခြင်္သေ့တွေ လွတ်ထွက်သွားကြလေ့ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ၄၅ ရက်သားအရွယ် ခြင်္သေ့တွေကို နန့်ခန်ပသန်ပြည်နယ်ရှိ တိရစ္ဆာန်ရုံမှ တစ်ကောင်စီကို ဘတ် (၅)သိန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခြင်္သေ့တွေဟာ CITES (တောရိုင်းတိရစ္ဆာန်နဲ့ ဖလော်ရာမျိုးစိတ်၊ အန္တရာယ်ရှိ မျိုးစိတ်များဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်) အောက်မှာ အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ အမျိုးသမီးဟာ ခြင်္သေ့တွေ ပိုင်ဆိုင်မှုအတွက် မှတ်ပုံတင်ခြင်းမပြုတဲ့အတွက် ကာကွယ်ထားတဲ့ တိရစ္ဆာန်များဆိုင်ရာဥပဒေကို ချိုးဖောက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခုတော့ ခြင်္သေ့တွေကို ဘန်လန်မန် တောရိုင်းတိရိစ္ဆာန် မွေးမြူရေးဌာနဆီ ပို့ဆောင်ထားပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်များအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုး အမြတ်အတွက် လုပ်ဆောင်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း