အကြမ်းဖက်များအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုး အမြတ်အတွက် လုပ်ဆောင်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
ယွန်း (NSS) - ဇန်နဝါရီ ၂၇
အကြမ်းဖက်များအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုး အမြတ်အတွက် လုပ်ဆောင်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ (၂၆)ရက်တွင် နစကဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘိန်းစိုက်ပျိုးမှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများကို ယခုထက်ပို၍ ဖော်ထုတ်ဆောင်ရွက်သွားရန်လိုအပ်ပြီး လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးကို ၎င်းတို့အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထို့ကြောင့် တရုတ်၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများ အပါအ ဝင် ကုလသမဂ္ဂကဲ့သို့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက်သွားရန် ၎င်းက တိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရ်ှတွင် ကြက်သွန်နီစျေးနှုန်းအဆမတန်မြင့်တက်နေပြီး ကြက်သွန်နီတန်ချိန် (၂)သောင်း၀ယ်ယူရန် အိန္ဒိယနှင့် ဆွေးနွေးနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း