ရွှေပြည်သာမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ သားအဖ(၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ သားအဖ(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၇ ရက်)၊ နံနက် ၆နာရီဝန်းကျင်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ကန်သာယာလမ်းဆုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တာက ကုန်တင်(၆)ဘီးကားရယ် အိမ်စီးကားနဲ့ စက်ဘီးပါ။ အိမ်စီးကားက စက်ဘီးကိုအရင်ဝင်တိုက်ပြီးတော့ ခေါင်းလည်သွားပြီး (၆)ဘီးကားရဲ့ ဝင်ရိုးကို ထပ်တိုက်မိတာပါ” ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးပေါ်မှ အသက်(၅၀) နှစ်အရွယ် အမျိုးသားနှင့် အသက်(၂၀)နှစ်အရွယ် အမျိုးသမီးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာက စက်ဘီးပေါ်က သားအဖ(၂)ဦးပေါ့။ အမျိုးသားက ခေါင်းထိတယ်။ မိန်းးကလေးကတော့ ခါးရိုးထိသွားတယ်။ အရင်ကအဲဒီနေရာမှာ ဖြစ်လေ့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် သားအဖ(၂)ဦးကို ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ ခြင်္သေ့(၂)ကောင်ကိုဖမ်းဆီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း