ကျိုင်းတုံမြို့နယ်တွင် လက်နက်များအပါအဝင် ငွေကျပ် (၁၅)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် TOYOTA HULUX REVO ကားပေါ်မှ ငွေကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော ဇန်နဝါရီ လ ၂၂ရက်၊ မွန်းတည့် ၁၂နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆက်သွားကားလမ်း၊ နားကော်(၃)ရွာအနီး၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် အားစောနှင့် အားကော်တို့ မောင်းနှင် လာသည့် TOYOTA HILUX REVO ကားအား ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး(၅၀၀)တုံး၊ အလေးချိန်(၁၇၅)ကီလို၊ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် အိုက်စ်(မက်အဖက်တမင်း) ၁၅၀၂ ကီလိုနှင့် ကတ်မင်း ၅၅ ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ကားပေါ်မှ လက်နက်၊ ခဲယမ်းများဖြစ်သည့် M 16 သေနတ် တစ်လက်၊ ၎င်းကျည် ၃၀တောင့် နှင့် M 22သေနတ်တစ်လက် ၎င်းကျည် ၃၀တောင်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေပြည်သာမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ သားအဖ(၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း