ဟူသီလက်နက်ကိုင်အုပ်စုရဲ့အဓိကခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း အမေရိကန် နဲ့ ဗြိတိန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
ဗြိတိန် နဲ့ အမေရိကန်တို့ဟာ ပင်လယ်နီဒေသက ဖြန်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အဓိကခေါင်းဆောင် လေးဦးကို ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်နီဒေသဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ တိုက်ရိုက်ပါဝင်ခြင်း နဲ့ ကူညီထောက်ပံ့ပေးခြင်းများကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် လေးဦးကို ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန် နဲ့ အမေရိကန်အစိုးရတို့က ပြောပါတယ်။
အမေရိကန် နဲ့ ဗြိတိန်တို့ဟာ ဟူသီလက်နက်ကိုင်အုပ်စုခေါင်းဆောင်တွေဖြစ်တဲ့ Mohamed Nasser al-Atifi,၊ Muhammad Fadl Abd Al-Nabi ၊Muhammad Ali al-Qadiri နဲ့ Muhammed Ahmad al-Talibi တို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
"ကျွန်တော်တို့ရဲ့မဟာမိတ်အဖွဲ့တွေနဲ့အတူ ဟူသီလက်နက်ကိုင်အဖွဲ့တွေကို တာဝန်ယူခြင်း၊ တာဝန်ခံခြင်းတွေ ရှိအောင်ပစ်မှတ်ထားပြီး ဆက်လက်လုပ်ဆောင်သွားမယ်။ ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ ယီမင်ပြည်သူတွေကို တရားမဝင်လုပ်ရပ်တွေ လုပ်ကိုင်ပြီး ယီမင်ပြည်သူတွေကို အကူအညီပေးရေးကို တားဆီးနေတယ်။ ဒါ့အပြင် အပြစ်မဲ့သင်္ဘောသားတွေကိုလည်း ခြိမ်းခြောက်နေတယ်" လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။
အဆိုပါပိတ်ဆို့မှုချမှတ်ခြင်းဟာ ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့လုပ်နိုင်စွမ်းကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ကြောင်း၊ ဒါ့အပြင် ယီမင်နိုင်ငံလုံခြုံရေး၊ တည်ငြိမ်ရေး နဲ့ ငြိမ်းချမ်းရေးတို့အတွက် တိုးမြှင့်လုပ်ကိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။
ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အုပ်စုဟာ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံကြောင်းပြသဖို့ ပင်လယ်နီဒေသအတွင်းကဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ ဗြိတိန်တို့ဟာ ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ ယီမင်နိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းဆန်ချောဈေးကွက်၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်ကျပ်နှစ်သိန်းဝန်းကျင်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ