ဂျပန်တံတားအတက်၌ ကားတစ်စီးရှေ့ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂျပန်တံတားအတက်တွင် ချောင်းသာသို့ ခရီးသွားရန်လူလိုက်ကြိုနေသည့် ကားတစ်စီး ရှေ့ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အောင်ရဲသူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၆ ရက်)၊ နံနက် ၄ နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂျပန်တံတားအတက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ကားက ချောင်းသာသွားဖို့ ကားနဲ့လူလိုက်စုနေတဲ့ကားပါ။ သာကေတကနေ မင်္ဂလာတောင်ညွန့်ဘက်ကို လူသွားခေါ်တာမှာ ဂျပန်တံတားအတက်မှာ ကားရှေ့ဘီးပေါက်ပြီး ကားကမှောက်သွားတာ။ ပြီးတော့မှ လမ်းဘေးက ပလက်ဖောင်းပေါ်ကို ကားကတက်သွားတာ”ဟု အောင်ရဲသူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လူ(၈)ဦးအနက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက (၈)ယောက်ပါတယ်။ ယောက်ျားလေး(၂) ယောက်နဲ့ မိန်းကလေး(၆)ယောက်ပါတယ်။ အသက်(၂၂)အရွယ်မိန်းကလေးက မျက်ခုံးထိတယ်။ နောက်အသက်(၃၀)ကျော် မိန်းကလေးက ခါးရိုးထိတယ်။ ကောင်လေးက အသက်(၂၄) နှစ်လောက်ရှိတယ်။ သူကတော့ ခေါင်းနဲ့ ခြေသလုံးထိတယ်။ မစိုးရိမ်ရပေမဲ့ ဆေးရုံတော့ပို့ပေးခဲ့ရတယ်။ အရင်ကလည်း အဲဒီနားမှာ HIJETတစ်စီး ဓာတ်တိုင်ဝင်တိုက်ခဲ့ ဖူးတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အောင်ရဲသူလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အုပ်စုရဲ့အဓိကခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း အမေရိကန် နဲ့ ဗြိတိန်အစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း