၂၀၂၃ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆု နှင့် တာဝန်သိယာဉ်မောင်းဆုများကို ယာဉ်မောင်း (၁၀၀)နီးပါးအား YRTC ပေးအပ်
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၆
၂၀၂၃ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ် မောင်းဆုများကို YBS ယာဉ်မောင်း (၉၈)ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် YBS ယာဉ်မောင်းများအား စံပြီယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့(ဇန်နဝါရီလ ၂၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဒီပွဲက ၂၀၂၁ ကစပြီးနှစ်စဉ်ကျင်းပလာခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ အောက်မှာရှိတဲ့ YBS ကုမ္ပဏီ(၂၁)ခုကနေ (၃)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ခုက ၂၀၂၃ ခုနှစ်က YBS ယာဉ်မောင်းတွေထဲက စံပြယာဉ်မောင်းဆုရယ်၊ တာဝန်သိယာဉ်မောင်းဆုတွေကို ချီးမြှင့်တာပါ”ဟု YRTC မှတွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
၂၀၂၃ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူ (၄၄)ဦးနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသူ(၅၄)ဦးရှိခဲ့ကြောင်း သိရသည်။
“ဆုချီးမြင့်တဲ့အခါမှာ စံပြယာဉ်မောင်းဆုရရှိတဲ့ ယာဉ်မောင်းဆိုရင် ယာဉ်ကိုကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်တဲ့ ယာဉ်မောင်းဖြစ်ရမယ်။ ခရီးသည်တွေကိုလည်း ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ယာဉ်မောင်းဖြစ်ရမယ်။ နောက်တစ်ခုက အဲဒီယာဉ်မောင်းဟာ ပြစ်မှုအရ ဖမ်းဆီးထိန်းသိမ်းခြင်းမခံရတဲ့ ယာဉ်မောင်းဖြစ်ဖို့လိုပါတယ်။ တာဝန်သိယာဉ်မောင်းဆုရရှိသူဆိုရင်လည်း ကုမ္ပဏီကနေပြီးတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ယာဉ်ပေါ်မှာ ခရီးသည်တွေကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပေးအပ်တဲ့ ယာဉ်မောင်းတွေလိုမျိုး ယာဉ်မောင်းတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း YBS ယာဉ်မောင်းများ၏ မချေမငံပြောဆိုမှုများ အပါအဝင် အမှုပေါင်း(၃၂၀၀၀)ကျော်ကို အရေးယူ ထားကြောင်းလည်း YRTC၏ သတင်းအချက်အလက်များ အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်၏ (၉)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း