ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်၏ (၉)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အထပ်မြင့်တိုက်တစ်ခု၏ (၉)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မာဃရိပ်ငြိမ်လူမှုကူညီ ကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယနေ့(ဇန်နဝါရီလ ၂၆ ရက်)၊ နံနက် ၃ နာရီအချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်းရှိ အထက်မြင့်ကွန်ဒိုတိုက်တစ်ခု၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ အမျိုးသားတစ်ယောက် (၉)လွှာကနေ ပြုတ်ကျတယ်လို့ ဖုန်းဆက်အကူညီတောင်းလို့ သွားခဲ့တာပါ။ ဘယ်လိုဖြစ်ပြီး ပြုတ်ကျလည်းတော့ ကျွန်တော်တို့လည်းမသိခဲ့ရပါဘူး။ အသက်ကတော့(၃၀)ကျော်အရွယ်ပေါ့”ဟု မာဃရိပ်ငြိမ်လူမှုကူညီ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် အသက်(၃၀)ကျော်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး၌ ခြေလက်ကျိုးဒဏ်ရာများနှင့် အခြားထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မာဃရိပ် ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်စန်မြို့အနီး၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား(၁၀၀၀)ကျော်ကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း