မရမ်းကုန်းမြို့နယ်၌ ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကား (၃)စီး ဆင့်တိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၂၄ ရက်)၊ မွန်းလွဲ(၁)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“၁၂ ဘီးကားက လမ်းဘေးက ဓာတ်တိုင်ကိုဝင်တိုက်ပြီးတော့ လမ်းပေါ်က ဆယ်ပေကားလေးကို တိုက်တယ်ပေါ့နော်။ အဲဒီဆယ်ပေကားလေးက တစ်ခါ ကွန်တိန်နာကားကို ထပ်တိုက်တာပါ။ ထိခိုက်ဒဏ်ရာရတာက အမျိုးသားတစ်ဦးပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားသည် ဦးဝင်းထူး(၅၁)နှစ်ဖြစ်ပြီး ၎င်းအား မြတ်ကုသိုလ်ပရဟိတအသင်းမှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၀ ရက်)တွင်လည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားလေးစီးဆင့်တိုက်မှုကြောင့် အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင် ဝင်ရောက်လာပြီး ဥပဒေချိုးဖောက်မှုများပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသား ၂၄ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး
RELATED POSTS
18 Nov 2024 | မှုခင်း,နိုင်ငံတကာ
18 Nov 2024 | မှုခင်း,ပြည်တွင်း
18 Nov 2024 | မှုခင်း,ပြည်တွင်း
18 Nov 2024 | မှုခင်း,ပြည်တွင်း