တရားမဝင် ဝင်ရောက်လာပြီး ဥပဒေချိုးဖောက်မှုများပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသား ၂၄ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေး
ကျော် (NSS) - နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ဥပဒေချိုးဖောက်မှုများပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသား ၂၄ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း တာချီလိတ်မြို့၏တာဝန်ရှိသူများထံမှသိရသည်။
အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးခဲ့သည့် ထိုင်းနိုင်ငံသား ၂၄ ဦးအား ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) နံနက် ၉ နာရီကျော်ခန့်က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အခု အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၂၄ ယောက်ဟာ မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်လာတယ်။ ပြီးတော့ ချမှတ်ထားတဲ့တည်ဆဲဥပဒေတွေကိုချိုးဖောက်တယ်။ ဒါကြောင့် ဖမ်းဆီးခဲ့တာပါ။ သို့သော် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး တရားစွဲဆိုတာမလုပ်ဘဲ မယ်ဆိုင်မြို့က တာဝန်ရှိတဲ့လူတွေဆီကို လွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်"ဟု တာချီလိတ်မြို့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ လွှဲပြောင်းအပ်နှံရာ၌ တာချီလိတ်မြို့မှတာဝန်ရှိသူများက ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတာဝန်ရှိသူများထံ လက်မှတ်ရေးထိုး၍ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပစ်ခတ်ရပ်စဲထားချိန်အတွင်း ဟစ်ဘိုလာအုပ်စုတွေကို မတိုက်ခိုက်ဖို့ အစ္စရေးအစိုးရကို အမေရိကန်သမ္မတ တောင်းဆို
RELATED POSTS
29 Sep 2024 | မှုခင်း,နိုင်ငံတကာ