အပစ်ခတ်ရပ်စဲထားချိန်အတွင်း ဟစ်ဘိုလာအုပ်စုတွေကို မတိုက်ခိုက်ဖို့ အစ္စရေးအစိုးရကို အမေရိကန်သမ္မတ တောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲထားချိန်အတွင်း အစ္စရေး စစ်တပ်အနေနဲ့ နိုင်ငံမြောက်ပိုင်းရှိ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာအဖွဲ့အပေါ် တိုက်ခိုက်နေတာတွေ အရှိန် လျော့ထားဖို့ အစ္စရေးဝန်ကြီးချုပ်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ကြီးမားတဲ့စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားလာ မှာကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုမျိုးတောင်းဆိုခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတက ယာယီအပစ်ခတ်ရပ်စဲရေးဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းအထိ ဆက်လက်တိုးချဲ့နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပေမယ့် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကတော့ ဟစ်ဘိုလာအုပ်စုနဲ့ တိုက်ခိုက်မှု တွေကို ရပ်နားဖို့ ကတိပေးတာမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က "ကျွန်တော်တို့ဟာ ဂါဇာဒေသစစ်ပွဲတွေ အရှိန်မြင့်တက် လာမှာကို မလိုလားဘူး။ စစ်ပွဲကျယ်ပြန့်လာမှာကိုလည်း မလိုလားဘူး။ ဒီစစ်ပွဲဟာ တစ်စုံတစ်ဦးအတွက် အကျိုး စီးပွားဖြစ်စေမယ့်လို့လည်း မယုံကြည်ဘူး" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ လက်ဘနွန်လက်နက်ကိုင်အဖွဲ့ကို မတိုက်ခိုက်ဖို့ အစ္စရေးနိုင်ငံကိုအစောပိုင်းတည်းက တားဆီးနေခဲ့ကြောင်း သတင်းတွေလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အမေရိကန်အစိုးရဟာ ဟစ်ဘိုလာအုပ်စုနဲ့ အီရန် နိုင်ငံကိုလည်း စစ်ပွဲထဲ တိုက်ရိုက်မပါဝင်လာဖို့ အစောပိုင်းကတည်းက တိုက်တွန်းတောင်းဆိုနေခဲ့ပါတယ်။
အမေရိကန်အစိုးရဟာစစ်ပွဲဟာ ဂါဇာဒေသကို ကျော်လွန်ပြီးဖြစ်ပွားလာမှာကို လိုလားခြင်းမရှိကြောင်း အဆိုပါကိစ္စ နဲ့နီးစပ်သူများက ပြောထားပါတယ်။ ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ ဖြစ်ပွားနေချိန်ကတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်ခဲ့ပြီး အစ္စရေးရဲ့လက်တုံ့ပြန်မှုတွေကြောင့် ဟစ်ဘိုလာတပ်ဖွဲ့ဝင် အနည်းဆုံး ၇၅ ဦး သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် ယွမ်(၁၅၀)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာ
RELATED POSTS
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
30 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
28 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ