ရုရှား၏ လျှပ်စစ်ဓါတ်အား ကုန်ကျစရိတ်မှာ ဗြိတိန်နိုင်ငံထက် ဆယ်ဆပိုမိုနည်းပါးကြောင်း ရုရှားထိပ်တန်းဘဏ်လုပ်ငန်းရှင်တစ်ဦးပြော
Pika (NSS) - အောက်တိုဘာ ၁၃
ရုရှားနိုင်ငံရှိ စွမ်းအင်သုံးစွဲသူများအတွက် လျှပ်စစ်ဓါတ်အားကုန်ကျစရိတ်သည် ဗြိတိန်နိုင်ငံထက် ဆယ်ဆပိုနည်းပြီး ဥရောပသမဂ္ဂထက် လေးဆပိုနည်းကြောင်း ထိပ်တန်းဘဏ်လုပ်ငန်းရှင်တစ်ဦး က ပြောကြားခဲ့သည်။
မော်စကိုမြို့တွင်ကျင်းပသော ရုရှားစွမ်းအင်ရက်သတ္တပတ်ဖိုရမ်တွင် ရုရှား၏ အကြီးဆုံးငွေချေးကုမ္ပဏီတစ်ခုဖြစ် သည့် Sber ၏ ဘုတ်အဖွဲ့ဒုဥက္ကဋ္ဌ Anatoly Popov က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက "ရုရှားမှာ လျှပ်စစ်စွမ်းအင်က ဈေးပေါပါတယ်။ ရုရှားရဲ့ လျှပ်စစ်ဓါတ်အားကုန်ကျစရိတ်ဟာ ဗြိတိန်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဆယ်ဆပိုမိုနည်းပါးပါတယ်။ ဥရောပသမဂ္ဂမှာဆိုရင် စက်မှုလုပ်ငန်းရှင်တွေအတွက် လျှပ်စစ်ဓါတ်အား ကုန်ကျစရိတ်ဟာ ရုရှားထက်လေးဆပိုများနေပြီး အိမ်ထောင်စုတွေအတွက် ကုန်ကျစရိတ်ဟာ အများဆုံး(၄ ဒသမ ၅) ဆထိ ရှိနေပါတယ်" ဟု ပြောခဲ့သည်။
ဗြိတိန်အစိုးရဝဘ်ဆိုက်ဒ်အဆိုအရ ပြီးခဲ့သည့်နှစ်တွင် အိမ်ထောင်စုများအတွက် လျှပ်စစ်ဓါတ်အား ကြမ်းခင်းဈေးသည် တစ်ကီလိုဝပ်ကို တစ်နာရီလျှင် (ဝ ဒသမ ၃၄) ပေါင် ရှိကြောင်း သိရသည်။ သို့သော်လည်း ရုရှား၏ စွမ်းအင်သုံးစွဲသူများသည် တစ်ကီလိုဝပ်ကို တစ်နာရီလျှင် (ဝ ဒသမ ဝ၄) ဒေါ်လာသာ ကုန်ကျခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါဈေးနှုန်းကွာဟမှုများသည် ရုရှားစီးပွားရေးကို ပိုမိုယှဉ်ပြိုင်မှုများ လုပ်ဆောင်နိုင်စေရန် ကူညီပေးကြောင်း Anatoly Popov က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးအခြေအနေ နှင့် စပါးကိုဈေးကစားရန် သိုလှောင်ရောင်းချခြင်းတွေကြောင့် ဆန်ဈေးတက်နေရတယ်လို့ ဆန်စပါးအသင်းချုပ်ဥက္ကပြော
RELATED POSTS
23 Oct 2024 | စီးပွားရေး,ပြည်တွင်း
23 Oct 2024 | စီးပွားရေး,ပြည်တွင်း
16 Oct 2024 | စီးပွားရေး,နိုင်ငံတကာ
16 Oct 2024 | စီးပွားရေး,ပြည်တွင်း