Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်

ယွန်း (NSS) - ဇူလိုင် ၂၆

ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ နေပြည်တော်နှင့် မန္တလေးမြို့တို့၌ သက်သာသောဈေးနှုန်းများဖြင့်ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။


မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆေးဝါးများသုံးစွဲနိုင်‌ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ(၁၇)ရက်မှစ၍ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း(၃၀) ထောင့်ရှိ “မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အဦး”တွင် အရောင်းပြခန်းဖွင့်လှစ်ကာ ဆေးဝါးများရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အရောင်းပြခန်းများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး ပဲခူးမြို့ရှိ သီရိဥဿဈေးကြီး အပေါ်ထပ်၊ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အ‌ရောင်းစင်တာ နှင့် ရန်ကုန်မြို့တွင် အရောင်းပြခန်း(၂)အဖြစ် ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အအုံတွင် ယခင်ရောင်းချပေးနေသည့် အစီအစဉ်အတိုင်း ရောင်းချပေးသွားမည်ဖြစ်သည်။

“အရောင်းပြခန်း(၁)မှာ ဈေးသက်သက်သာသာနဲ့ရတော့ ပြည်သူတွေဝယ်ကြတယ်။ ကျေနပ်ကြတယ်။ အဆင်ပြေကြတယ်။ အခက်အခဲက တစ်နေရာထဲရှိတဲ့အခါကြတော့ လာဝယ်တဲ့သူတွေက လှည်းကူးတို့၊ တညင်တို့ အဝေးကြီးကနေလာကြတာ။ လာရတာလည်းအခက်အခဲရှိမှာဆိုးလို့ အဆင်ပြေတဲ့နေရာတွေမှာ ထပ်ဖွင့်တာပါ။ အရောင်းပြခန်း(၁)ကလည်း ရောင်းနေတုန်းပဲ”ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။

အဆိုပါ‌အရောင်းပြခန်းများကို လာမည့် ဇူလိုင်လ(၂၉)ရက်နေ့မှ သြဂုတ်လ (၃)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချရန် စီစဥ်ထားသော်လည်း ပြည်သူများ၏ လာရောက်ဝယ်ယူမှုပေါ်မူတည်၍ ဆေးရောင်းချသည့် ရက်ကိုထပ်တိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ဆေးအရောင်းပြခန်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် မြို့ကြီးများတွင်လည်း ဖွင့်လှစ်နိုင်ရန် စီစဥ်နေကြောင်း သိရသည်။

“အခုလောလောဆယ်တော့ တကယ်ကိုလိုအပ်တဲ့သူတွေလာဝယ်ကြတယ်။ ကျွန်တော်တို့ကလည်း လက်လီပဲရောင်းတယ်။ ပြန်ရောင်းမယ့်သူတွေကို ရောင်းချတာမျိုးမဟုတ်ဘူး။ တကယ်ကိုဆေးလိုအပ်နေတဲ့သူတွေက သူတို့အတွက် တစ်လစာ၊ နှစ်လစာ၊ တစ်ပတ်စာ လာဝယ်ကြတယ်။ အရောင်းပြခန်း(၂)မှာတော့ ဆေးကုမ္ပဏီ(၄၀)ဝန်းကျင်လောက်က ရောင်းသွားမှာပေါ့။ ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီးတော့ လိုအပ်ရင်လိုသလို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားဖို့ရှိပါတယ်။ နေပြည်တော်တို့၊ မန္တလေးတို့အပြင် ရန်ကုန်မှာလည်း အရောင်းပြခန်းတွေထပ်ပြီး ရှိကောင်းရှိလာနိုင်ပါသေးတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိရောင်းချပေးနေသည့် အရောင်းပြခန်း(၁)တွင် အခြေခံအိမ်သုံးဆေးများအပြင်  ဆီးချို၊ နှလုံး၊ သွေးတိုး၊ ပိုးသတ်ဆေးဝါးများကိုပါရောင်းချပေးနေပြီး ဆေးကုမ္ပဏီ(၁၀၀)ကျော်မှ အလှည့်ကျရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုနောက်ပိုင်းကာလတွင် ဈေးကွက်အတွင်း၌ ဆေးဝါးပြတ်လပ်မှုများနှင့် ဆေးဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်နေရာ ရောဂါကြောင့်ဆေးကို စွဲသောက်နေရသော နာတာရှည်လူမမာများအနေဖြင့် ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ပြည်ပမှဆေးဝါးတင်သွင်းခွင့်အတွက် သွင်းကုန်လိုင် စင်များ ချပေးထားပြီဖြစ်သောကြောင့် လာမည့် သြဂုတ်လမှစ၍ ပြည် တွင်း၌ ဆေးဝါးပြတ်လပ်မှုများ လျော့ကျသွားနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်

RELATED POSTS
RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved