Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဂံဘုရားသို့လာရောက်သူ(၁၀ဝ)တွင် (၂၀)ဦး၏ မဆင်မခြင်လုပ်ရပ်ကြောင့် ရှေးဟောင်းနံရံပန်းချီ နှင့် အင်္ဂတေပန်းလက်ရာများ ပျက်စီးနေရ

ယွန်း (NSS) - ဇွန် ၁၀

ဘုရားဖူး လာရောက်သူအချို့ကြောင့် ပုဂံဒေသရှိ ဘုရားများ၏ ရှေးဟောင်းနံရံပန်းချီနှင့် အင်္ဂတေပန်းလက်ရာများတွင် ပျက်စီးမှုများရှိနေပြီး ရှောင်ရှားရန်လိုအပ်ကြောင်း ပုဂံရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။ ပုဂံဘုရားများသို့ လာရောက်လည်ပတ်သူအချို့၏ မဆင်မခြင်လုပ်ရပ်များကြောင့် ဘုရားအချို့ရှိ နံရံပန်းချီများနှင့် အင်္ဂတေပန်းလက်ရာများတွင် ပျက်စီးမှုများရှိနေပြီး အဆိုပါရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရန်အတွက် ဆောင်ရွက်နေကြောင်းသိရသည်။ 


“ဘုရားဖူးတွေထဲမှာ မသိနားမလည်တဲ့ သူတွေလည်း ရှိတာတော့ရှိတယ်။ တချို့ဘုရားတွေမှာဆို နံရံပန်းချီတွေရှိတယ်၊ အင်္ဂတေပန်းလက်ရာတွေရှိတယ်၊ နှစ်ခုလုံးရှိတဲ့ အဆောက်အအုံတွေလည်းရှိတယ်။ ရုပ်ပွားတော်တွေရှိတယ်။ ဒါတွေဆိုရင် အမှုမဲ့အမှတ်မဲ့ လက်နဲ့တိုက်သွားတာတွေရှိတယ်။ အဲဒါတွေကြောင့် နံရံပန်းချီတွေမှာဆိုလည်း ပျက်စီးတာတွေ ရှိတယ်။ ဒါတွေကို ဌာနအနေနဲ့နံရံပန်းချီတွေကို ကိုင်တွယ်လို့မရအောင် မှန်တွေနဲ့ကာရံထားတာတွေ ရှိပါတယ်။ ခုလောလောဆယ်မှာတော့ လောကထိပ် ပန်တို့၊ စူနာမဏိတို့လို ဘုရားမျိုးတွေမှာတော့ မှန်တွေကာပြီး နံရံပန်းချီတွေမပျက်စီးအောင် ဆောင်ရွက်ထားပါတယ်။ ဆက်ပြီးတော့လည်း ကျန်တဲ့ဘုရားတွေမှာ ဆောင်ရွက်သွားဖို့ရှိပါတယ်။ တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့လုပ်တာတော့မဟုတ်ကြပါဘူး ”ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NSS ကိုပြောသည်။

ထို့ပြင် အဆိုပါပျက်စီးမှုများကို ပြန်လည်ထိန်းသိမ်းရေးများ ဆောင်ရွက်နေရသည့် အတွက် ပုဂံဒေသ၌ ဆက်လက်ဆောင်ရွက်ရမည့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အဟန့် အတားဖြစ်စေပြီး ရှောင်ရှားရန် လိုအပ်ကြောင်း ၎င်းကဆိုထားသည်။ “တချို့ကကျတော့ သူတို့ ဘယ်နေ့၊ ဘယ်ရက်က ရောက်ခဲ့တယ်ဆိုတာမျိုးတွေကို ရေးခဲ့တာတွေရှိတယ်။ အမှတ် အသား သဘောမျိုးလုပ်သွားတာပေါ့။ သူတို့ကတော့ အဲဒီလိုလုပ်သွားပေမယ့် ရှေးဟောင်းအဆောက်အအုံတွေမှာကျတော့ အဲဒီလို လုပ်လို့ မရဘူးလေ။ အဲဒီဟာတွေက ရှေးဟောင်းအဆောက်အအုံကို သူရဲ့ မူလပုံသဏ္ဌာန်တွေမဟုတ်တဲ့အတွက် မရေးသင့်တဲ့၊ မလုပ်သင့်တဲ့ အပြုအမူတွေပေါ့လေ။ ရှောင်ရှားဖို့တော့ လိုပါတယ်။ တွေ့တဲ့နေရာမှာ ကျွန်တော်တို့က ဒါတွေကို လိုက်ဖျက်ရတယ်၊ ပြန်ပြီးထိန်းသိမ်းနေရတယ်ဆိုတော့ ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့နေရာမှာ အဟန့်အတားဖြစ်တာပေါ့။ လုပ်ငန်းတွေတန့်တာပေါ့။ ဒါတွေကို ပြန်လုပ်နေရတာနဲ့ ထိန်းသိမ်းရမယ့်လုပ်ငန်းတွေ အဟန့်အတား ဖြစ်သွားတာပေါ့ ”ဟု ၎င်းကဆိုသည်။

ခန့်မှန်းတွက်ချက်မှုအရ ပုဂံဒေသသို့ ဘုရားဖူး လာရောက်သူဦးရေ (၁၀ဝ)ရှိပါက အများဆုံး လူ(၂၀) ဦးခန့်သည် အထက်ပါကဲ့သို့ မဆင်မခြင် လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါရှေးဟောင်းလက်ရာများကို ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် စနစ်တကျထိန်းသိမ်းရန် နစကဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောဆိုခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ (၂၅)ရက်နေ့ အထိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့် ၂ ဒသမ ၃၂ သန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လာရောက်သည့်ဦးရေထက် ပိုမိုများခဲ့ကြောင်း သိရသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောင်းသားဦးရေတိုးလာသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ စားဝတ်နေရေး အခက်အခဲဖြစ်နေ

RECENT POSTS
ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ
27 Jul 2024
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved