Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ

ALynn (NSS) - ဇူလိုင် ၂၅

 Universiti Pertahanan Nasional Malaysia (UPNM) မှ ကျောင်းသားဟောင်း (၆)ဦးကို လွန်ခဲ့သည့် ခုနစ်နှစ်က ရေတပ်ဗိုလ်လောင်း Zulfarhan Osman Zulkarnain အား သတ်ဖြတ်မှုဖြင့် မလေးရှားတရားရုံးက အင်္ဂါနေ့ (ဇူလိုင်လ ၂၃) တွင် သေဒဏ်ချမှတ်ခဲ့သည်။ 


တရားသူကြီး Hadhariah Syed Ismail ဦးဆောင်သော အယူခံတရားရုံးသည် ကွာလာလမ်ပူတရားရုံးက ချမှတ်ခဲ့သည့် ကနဦးထောင်ဒဏ် (၁၈)နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သေဒဏ်ဖြင့် ပြောင်းလဲသတ်မှတ်လိုက်သည်။ တရားသူကြီး Hadhariah ၏စီရင်ချက်တွင် ကျောင်းသားငါးဦးသည် သေဆုံးသူ၏ အတွင်းအစိတ်အပိုင်းများကို မီးပူဖြင့်အလှည့်ကျ အပူပေးခဲ့ကြောင်း တရားသူကြီးသုံးဦးမှတွေ့ရှိခဲ့ပြီး ကျန်ကျောင်းသား Abdoul Hakeem သည် လှုံ့ဆော်ခြင်း၊ ညွန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသည်။ ကျောင်းသား (၆)ဦးမှာ Muhammad Akmal Zuhairi Azmal၊ Muhammad Azamuddin Mad Sofi၊ Muhammad Najib Mohd Razi၊ Muhammad Afif Najmudin Azahat၊ Mohamad Shobirin Sabri နှင့် Abdoul Hakeem Mohd Ali တို့ဖြစ်သည်။ “တရားခံ ၆ ဦးစလုံးအတွက် ပြစ်ဒဏ်တစ်ခုတည်းက သင့်လျော်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ပြီး ၎င်းတို့အား ကြိုးဆွဲချ သေဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားရုံးက တရားခံ ၆ ဦးအပေါ် အထက်တရားရုံးက ချမှတ်ထားသည့် ထောင်ဒဏ် ၁၈ နှစ်ကို ပယ်ဖျက်ပြီး သေဒဏ်နဲ့ အစားထိုးလိုက်တာ” ဟု တရားသူကြီးက ပြောသည်။

ကနဦးတွင် ကျောင်းသား(၅) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ လူသတ်မှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သေဒဏ်မဖြစ်မနေ ချမှတ်ခံရမည်ဖြစ်သည်။ Abdoul Hakeem သည် သေဒဏ်ပေးရမည့် အလားတူကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ အရ ကြံရာပါအဖြစ် စွဲချက်တင် ခံရသည်။ ကွာလာလမ်ပူတရားရုံးသည် ၎င်းတို့ ၆ ဦးအား ဇူးလ်ဖာဟန်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိဘဲ ဒဏ်ရာရစေရန် ကြံရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သော်လည်း သတ်ဖြတ်ရန် အပြစ်ရှိကြောင်းတွေ့ရှိရသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) အရ ထောင်ဒဏ်နှစ် ၃၀ နှင့် ငွေဒဏ် ချမှတ်နိုင်သည်။ ၎င်းတို့ ၆ ဦးသည် ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီ ၄၅ မိနစ်ကြား Jebat Hostel ဘလောက်၊ UPNM ရှိ အခန်းတစ်ခုတွင် ၎င်းပြစ်မှုကို ကျူးလွန်ခဲ့သည်။ ဇူးလ်ဖာဟန်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် Serdang ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ဒေသတွင်း မီဒီယာများ၏ အဆိုအရ ဇူးလ်ဖာဟန်၏ ခန္ဓာကိုယ်ပေါ်သို့ မီးပူသည် ထပ်ခါထပ်ခါ ဖိထားခံရသည့်အပြင် ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းနှင့် လက်သီးများဖြင့် ထိုးနှက်ခြင်းများ ခံခဲ့ရကြောင်း သိရသည်။ သို့သော် မေလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နှိပ်စက်ခံရပြီး ၁၀ ရက်အကြာ၊ ထိုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်ချိန်အထိ ဇူးလ်ဖာဟန်သည် Akmal Zuhairi ၏ လက်တော့ပ်ကို ယူဆောင်သွားသည်ကို ဝန်ခံခဲ့ခြင်းမရှိပေ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော

RELATED POSTS
RECENT POSTS
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved