Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရတနာဂူအလယ်နန်းမှအခိုးခံရသော နာမည်ကျော်ရှေးဟောင်းနတ်ရုပ နှစ်ရုပ်ကို တိတ်တဆိတ် ပြန်ထားသွား၊ ကြောက်လန့်ကာ ပြန်ပို့ခြင်းဖြစ်မည်ဟု ယူဆထားကြ

သုတကျော် (NSS) - ‌ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ လက်ဝဲမြင်းတိုင်ရပ်ရှိ ရတနာဂူ အလယ်နန်းရင်းမှ ပျောက်ဆုံးသွားသော ရှေးဟောင်း နတ်ရုပ် ၂ ရုပ်ကို ပျောက်ဆုံးသွားသည့် ရက်မှ ၂ ပတ်ခန့်အကြာတွင် ခိုးယူသူများက နန်းထိန်း ကိုမင်း၏ အိမ်ရှေ့၌ တိတ်တဆိတ် ပြန်လည်ထားသွားခဲ့ကြောင်း သိရသည်။ 


အဆိုပါ ပျောက်ဆုံးသွားသည့် နတ်ရုပ် ၂ ရုပ်မှာ ပုပ္ပါးမယ်တော်ရုပ်ထု နှင့် သခင်မသာ ရုပ်ထု ဖြစ်ပြီး မေလ ၂၄ ရက် နံနက်ပိုင်း ၅ နာရီခန့်က ပျောက်ဆုံးသွားခဲ့ပြီးနောက် ဇွန်လ ၇ ရက် နံနက် ၃ နာရီ အချိန်တွင် ပြန်တွေ့ရခြင်း ဖြစ်ကြောင်း နန်းထိန်း ကိုမင်းက NSS ကို ပြောသည်။ “ကျွန်တော်က အပေါ်ထပ်မှာ အိပ်တာပေါ့။ မနက်သုံးနာရီလောက်မှာ အပေါ့သွားချင်လို့ဆိုပြီး ဆင်းတဲ့အချိန် ကျွန်တော့်အိမ်ရှေ့မှာ နေ့ဆို ထိုင်ဖို့ခုံတန်းလျားချထားတာ ရှိတယ်။ အဲဒီအပေါ်မှာ ဂျပ်ဖာလေးနဲ့ ပုံတော်ကို စက္ကူနဲ့ပတ်ပြီး တင်ထားတာ တွေ့တာ။ စစတွေ့ချင်တော့ ပုံတော်မှန်း မသိဘူး ဘာလဲမသိဘူးဆိုပြီး သွားကြည့်မှ ပုံတော်မှန်းသိတာ” ဟု ၎င်းက ရှင်းပြသည်။ 

လက်ရှိတွင် ရုပ်ထု ၂ ခုကို မူလနေရာတွင် ပြန်လည်မထားသေးပဲ ဓလေ့အရ ချိုးတော်သုံးခြင်း နှင့် ရွှေပွန်းသည့် နေရာများကို ရွှေချမည်ဖြစ်ကာ လက်ရှိတွင် နန်းထိန်း ကိုမင်း၏ အိမ်၌အပူဇော်ခံထားရှိကြောင်း သိရသည်။ “ကျွန်တော့်အိမ်မှာ အပူဇော်ခံမယ်၊ ရွှေတွေဘာတွေချပြီးတော့မှ နယုန်လဆန်း ၁၂ ရက် (ဇွန်လ ၁၈ ရက်) မှာ အခမ်းအနားနဲ့ နန်းပေါ်ကို ပြန်ပင့်မယ်ပေါ့။ နယုန်လဆန်း ၁၃ ရက်၊ ၁၄ ရက်မှာ နှစ်စဉ်ရိုးရာ မယ်တော်ကြိုပွဲရှိတယ်။ တဆက်တည်း ကျင်းပမှာပေါ့။ အဲဒီလိုတော့ စီစဉ်ထားတယ်”ဟု နန်းထိန်းကိုမင်းက ဆိုသည်။ ပြန် လည်ရရှိသည့် ပုံတော်မှာ မူလလက်ရာပျက်ခြင်းမရှိသော်လည်း ရုပ်ထု ၂ ခု၏ မျက်နှာတွင် မူလထက် ရွှေပိုပွန်းကာ အောက်ခံပေါ်နေသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။ 

“ကျွန်တော့်အထင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိသွားတော့ သူတို့လည်း ရောင်းလို့ မလွယ်ဘူးဗျာ။ ဒီပုံတော်ဆိုတာကလည်း ဘယ်နတ်ကတော်မှ ဝယ်ရဲမှာမဟုတ်ဘူး။ တစ်နိုင်ငံလုံးသိနေတဲ့ပုံတော် ဖြစ်နေတာလည်းပါမယ်၊ ကြောက်တာလည်းပါမယ်။ သူတို့ဆီလည်း အကြာကြီး မထားရဲဘူး ကြောက်လန့်ပြီး ပြန်ပို့တယ်လို့ ယူဆပါတယ်”ဟု နန်းထိန်း ကိုမင်းက ပြောသည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာရှိ အိမ်တွင်းဖခင်နတ်နန်းမှ ညောင်ရမ်းခေတ်လက်ရာ အိမ်တွင်းမင်းမဟာဂီရိနတ်ရုပ် အပါအဝင် နတ်ရုပ် (၇)ရုပ် ခိုးယူခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကာ ပျဉ်းပင်ရွှေချမယ် တော် နတ်နတ်နန်းတွင်လည်း တံခါးဖျက်ခံထားရသည်ကို တွေ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်စစ်တပ်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် နှစ်ကြိမ်စမ်းသပ်ခဲ့ဟုဆို

RECENT POSTS
ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ
27 Jul 2024
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved