Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်စစ်တပ်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် နှစ်ကြိမ်စမ်းသပ်ခဲ့ဟုဆို

ဂျန်ဇက် (NSS) - ဇွန် ၈

အမေရိကန်စစ်တပ်က ၎င်းတို့ဟာ ပြီးခဲ့တဲ့သုံးရက်အတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် နှစ်ကြိမ်စမ်းသပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်စစ်တပ်ဟာ ရုရှားနိုင်ငံနဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ ကယ်လီဖိုနီးယားပြည်နယ်ရှိ Vandenberg Space အမည်ရှိလေတပ်အခြေစိုက်စခန်းကနေ Minuteman III အမည်ရှိ ဒုံးကျည်တွေကို စမ်းသပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က သတင်းထုတ်ပြန်ထားပါတယ်။


အမေရိကန်စစ်တပ်က "ဒီစမ်းသပ်မှုဟာ ဒုံးကျည်လမ်းကြောင်းစမ်းသပ်မှုအစိတ်အပိုင်းဖြစ်တယ်။ အမေရိကန်နိုင်ငံရဲ့နျူကလီးယားနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဘေးကင်းလုံခြုံမှုတွေဖြစ်အောင်ရည်ရွယ်လုပ်ဆောင်တာမျိုးပါ၊ ဒါ့ပြင် အမေရိကန်နိုင်ငံနဲ့မဟာမိတ်တွေကို ခြိမ်းခြောက်မယ့်သူတွေကို တားဆီးဖို့နဲ့ လုံခြုံမှုရှိစေဖို့စမ်းသပ်တာမျိုးပါ" လို့ပြောပါတယ်။ အမေရိကန်စစ်တပ်ဟာ အဲဒီဒုံးကျည်နဲ့ပတ်သက်ပြီး စမ်းသပ်မှုအမျိုးမျိုး အကြိမ်ပေါင်း ၃၀၀ ကျော် လုပ်ကိုင်ခဲ့ကြောင်းပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒုံးကျည်စမ်းသပ်မှုတွေဟာ လက်ရှိကမ္ဘာမှာဖြစ်ပွားနေတဲ့အဖြစ်အပျက်တွေနဲ့ မသက်ဆိုင်ဘူးလို့လည်း အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့လမှာ နျူကလီးယားလက်နက်များအသုံးပြုပြီး စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါဒုံးကျည်မှာတပ်ဆင်ထားတဲ့ ဒုံးကျည်ထိပ်ဖူးဟာ မိုင်ပေါင်း ၄၂၀၀ ကျော် ပျံသန်းနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပေမယ့် ဒုံးကျည်စမ်းသပ်မှုအောင်မြင်ခြင်း ရှိ၊ မရှိဆိုတဲ့အချက်ကိုသတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လွိုင်ကော်မြို့တွင် Kpay သွားထုတ်သော နိုင်ငံ့ဝန်ထမ်းအရာရှိ (၂)ဦး ပစ်ခတ်သတ်ဖြတ်ခံရ

RECENT POSTS
ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
19 Mar 2025
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
19 Mar 2025
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
19 Mar 2025
ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
19 Mar 2025
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
19 Mar 2025
ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ
19 Mar 2025
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
19 Mar 2025
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
19 Mar 2025
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
19 Mar 2025
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ
19 Mar 2025
အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ
18 Mar 2025
ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်
18 Mar 2025
မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား
18 Mar 2025
သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား
18 Mar 2025
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
18 Mar 2025
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
18 Mar 2025
ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို
18 Mar 2025
အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း
18 Mar 2025
VOA/RFA နဲ့ USAGM ကို ရိုက်ခတ်လာတဲ့ ထရမ့်ရဲ့ အမိန့်တစ်ချက်၊ AA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူ လွှဲပြောင်းဆက်ဆံမှု၊ တောင်ကြီး ရွှေဘုန်းပွင့် တောမီး၊ ရွှေစာရံ ဘုရားဖူးရင်း အသက်ဆုံးရှုံးခဲ့ရသူများ (၁၆-၃-၂ဝ၂၅)
18 Mar 2025
အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ
14 Mar 2025
FOLLOW US

Copyright © News Services Station | All Right Reserved