Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘာလင်တွင် ယူကရိန်းအား အထောက်အပံ့ပေးခြင်းကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများ ဖြစ်ပွား

ALynn (NSS) - ဇွန် ၃ 

စနေနေ့ (ဇွန်လ ၁ ရက်) က ဂျာမနီနိုင်ငံ၊ မြို့တော်ဘာလင်တွင် ရာနှင့်ချီသော ဆန္ဒပြသူများ ချီတက်ခဲ့ကြပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီများပေးခြင်းနှင့် အန္တရာယ်ရှိသော ရုရှား ဆန့်ကျင်ရေးကြွေးကြော်သံများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ယူကရိန်းသည် ရုရှားပြည်တွင်းရှိ တိုက်ခိုက်မှုများအတွက် အနောက်နိုင်ငံမှ ပံ့ပိုးပေးသောလက်နက်များအား အသုံးပြုခြင်းနှင့်ပတ်သက်၍ ဂျာမနီအစိုးရမှ ထိလွယ်ရှလွယ်ဖြစ်စေသော ကြေညာချက်များ ယခုသီတင်းပတ် အစောပိုင်းတွင် ထွက်ပေါ်လာပြီးနောက် ထိုကဲ့သို့ ချီတက်ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ဆန္ဒပြပွဲ ဗီဒီယိုဖိုင်များတွင် ဆန္ဒပြသူများသည် “ရုရှားကိုဆန့်ကျင်သည့် စစ်နှင့် အမုန်းစကားများ ရပ်ရန်”၊ “နိုင်ငံရေး နှင့် မီဒီယာတွင် ရုရှားကြောက်ရောဂါကို ရပ်တန့်ရန်” နှင့် “ရန်လိုသူသည် ရုရှားမဟုတ်ဘဲ နေတိုး” ဟု ရေးသားထားသောဆိုင်းဘုတ်များကို ကိုင်၍ ဘာလင်မြို့၊ အလက် ဇန္နားပလက်ဇ်ပြည်သူ့ရင်ပြင်မှ ချီတက်လာကြ ကြောင်း တွေ့ရသည်။ 

တက်ကြွလှုပ်ရှားသူများသည် ဂျာမန်အစိုးရသည် အမေရိကန်၏ အမိန့်ညွှန်ကြားချက်များအပေါ်မူတည်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်များချသည်ဟု စွပ်စွဲကာ ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခများဖြစ်လာနိုင်သည့် အကျိုးဆက်များ ကို သတိပေးခဲ့သည်။


နေတိုးနှင့် ၎င်း၏ အနောက်အုပ်စုမဟာမိတ်များက ယူကရိန်းအား လက်နက်နှင့် ကိရိယာများ ထောက်ပံ့ပေးခဲ့သော် လည်း ၎င်းတို့၏ အသုံးပြုမှုအပေါ် ကန့်သတ်ချက်များ ဆက်လက်ထားရှိခဲ့သည်။ သို့သော် ယူကရိန်းသည် မကြာသေးမီက ၎င်းကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် တောင်းဆိုမှုများ အရှိန်မြှင့်လာခဲ့သည်။ ဂျာမနီ အပါအဝင် နေတိုးနိုင်ငံအများစုက အဆိုတောင်းဆိုချက်အား ထောက်ခံကြောင်း ပြောဆိုခဲ့ကြသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဂျာမန်အစိုးရပြောရေးဆိုခွင့်ရှိသူ Steffen Hebestreit က ယူကရိန်း၏ ခံစစ် တိုက်ခိုက်မှုများသည် ၎င်း၏ပိုင်နက်တွင် အကန့်အသတ်မရှိလုပ်ဆောင်နိုင်သလို ရန်သူ၏နယ်မြေအထိပါ ချဲ့ထွင်နိုင်ကြောင်း” ပြောကြားခဲ့သည်။ 

ထို့ပြင် သောကြာနေ့တွင် ခါကော့ဗ်ဒေသတွင် ယူကရိန်းစစ်တပ်၏နေရာများအား တိုက်ခိုက်နေသော ရုရှားနယ်စပ် ဒေသများကို တိုက်ခိုက်ရန်အတွက် အနောက်နိုင်ငံများမှ ထောက်ပံ့ပေးသောလက်နက်များကို ယူကရိန်းက အသုံးပြုနိုင်ကြောင်း ၎င်းကအချက်ပြခဲ့သည်။ ရုရှားက ယူကရိန်းသို့ အနောက်နိုင်ငံမှ လက်နက်များ ထောက်ပံ့မှု သည် ပဋိပက္ခကို ရှည်ကြာစေမည်ဖြစ်ကြောင်း သတိပေးထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးက ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် အမေရိကန်သမ္မတရဲ့အဆိုပြုချက်တွေကို လက်ခံ

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved