Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဥဇဘက်ကစ္စတန်တွင် နျူကလီးယားဓာတ်ပေါင်းဖိုများတည်ဆောက်သွားမည့် ရုရှား

ALynn (NSS) - မေ ၂၈

ဆိုဗီယက်ခေတ်လွန် အာရှအလယ်ပိုင်းဒေသတွင် ရုရှားသည် ပထမဆုံးသော စီမံကိန်းအဖြစ် ဥဇဘက်ကစ္စတန်တွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်မည် ဖြစ်ကြောင်း ဥဇဘက်သမ္မတ Shavkat Mirziyoyev က ပြောကြားခဲ့သည်။ 


ဥဇဘက်ကစ္စတန်နိုင်ငံရှိ ပရောဂျက်များကို ငွေကြေးထောက်ပံ့ရန်အတွက် ဒေါ်လာသန်း ၅၀၀ ရှိသော ပူးတွဲရင်းနှီးမြုပ်နှံမှုရန်ပုံငွေတွင် အမေရိကန်ဒေါ်လာသန်း ၄၀၀ ထည့်ဝင်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က တနင်္လာနေ့ (မေလ ၂၇ ရက်) တွင် ပြောကြားခဲ့သည်။

ရုရှားသည် ဗဟိုအာရှမှ ဟိုက်ဒရိုကာဗွန်များကို ဆယ်စုနှစ်များစွာကြာ တင်သွင်းခဲ့ပြီးဖြစ်ရာ အပြန်အလှန်အနေဖြင့် သမ္မတ Mirziyoyev က ဥဇဘက်ကစ္စတန်သည်လည်း ရုရှားနိုင်ငံထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ ဥဇဘက် သမ္မတက ပူတင်၏ ခရီးစဉ်ကို သမိုင်းဝင်အဖြစ် ဖော်ပြခဲ့သည်။ 

“ကျွန်ုပ်တို့နိုင်ငံတွေကြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနဲ့ မဟာမိတ်ဆက်ဆံ ရေးမှာ ခေတ်သစ်တစ်ခုရဲ့အစကို ညွှန်ပြနေပါတယ်” ဟု Mirziyoyev က ပြောကြားခဲ့သည်။ ပူတင်က ဥဇဘက်ကစ္စတန်ကို "မဟာဗျူဟာမိတ်ဖက်နှင့်ယုံကြည်စိတ်ချရသောမဟာမိတ်"အဖြစ်ဖော်ပြခဲ့သည်။ ရုရှားအစိုးရမှ ထုတ်ဝေသည့်စာရွက်စာတမ်းများအရ ရုရှားနိုင်ငံပိုင်နျူကလီးယားကုမ္ပဏီ Rosatom သည် ဥဇဘက်ကစ္စတန်တွင် တစ်ခုလျှင် ၅၅ မဂ္ဂါဝပ်ရှိသော နျူကလီးယား ဓာတ်ပေါင်းဖိုခြောက်ခုအထိ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းမှာ ၂၀၁၈ ခုနှစ်တွင် သဘောတူထားသည့် ၂ ဒသမ ၄ ဂစ်ဂါဝပ်စီမံကိန်းထက် များစွာသေးငယ်သော စီမံကိန်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်မည်ဆိုပါက အနောက် နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင်ပင် ရုရှားသည် စွမ်းအင် သာမက နည်းပညာမြင့် ထုတ်ကုန်များကို အာရှဈေးကွက်သစ်များသို့ တင်ပို့ရောင်းချခြင်းဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ကြောင်းပြသနိုင်မည်ဖြစ်သည်။

ယူရေနီယံထုတ်လုပ်သည့် ဥဇဘက်ကစ္စတန်နှင့် ၎င်း၏အိမ်နီးချင်း ကာဇက်စတန် နှစ်နိုင်ငံစလုံး သည် ၎င်းတို့၏စီးပွားရေး တိုးတက်ကြီးပွားရေးအတွက် ဓာတ်ပေါင်းဖိုများကို လိုအပ်သည်ဟု ကာလရှည်ကြာ ပြောကြားခဲ့သော်လည်း အလယ်အာရှရှိ ဆိုဗီယက်နိုင်ငံဟောင်း ၅ နိုင်ငံတွင် ယနေ့အထိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ မရှိပေ။ ကာဇက်စတန်စီမံကိန်းသည် ယခုအထိ မစီစဉ်ရသေးဘဲ အမျိုးသားဆန္ဒခံယူပွဲပြီးမှသာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ စီးပွားရေးအရ ရုရှားတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေကြေးစီးဆင်းမှုအပေါ် အကြီးအကျယ် မှီခိုနေသော ဥဇဘက်ကစ္စတန်သည် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်း စစ်ပွဲ စတင်ဖြစ်ပွားချိန်၌လည်း ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။ သို့သော် ဥဇဘက်သမ္မတ Mirziyoyev နှင့် ဒေသတွင်းရှိ အခြားခေါင်းဆောင်များက ယူကရိန်းတွင် ရုရှား၏ အထူးစစ်ရေးဆင်နွှဲနေခြင်းအပေါ် လူသိရှင်ကြား ထောက်ခံမှုပြသခြင်းမရှိသည့်အပြင် ရုရှားနိုင်ငံကို ဖြတ်ကျော်သွားမည့် ကုန်သွယ်ရေးလမ်းကြောင်းစီမံကိန်းများတွင်လည်း အနောက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းအား နေတိုးဒုံးကျည်အကာအကွယ်များ ထောက်ပံ့ပေးရန် တောင်းဆိုချက်ကို ဂျာမနီ ကန့်ကွက်

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved