Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဆိုင်ကယ်(၃)စီးချောင်းအတွင်းပြုတ်ကျကာ တစ်ဦးသေဆုံးခဲ့ရ

သန့်ဇင် (NP News) - မေ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဆိုင်ကယ်(၃)စီး ချောင်းအတွင်းသို့  ပြုတ်ကျကာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ယနေ့(မေလ ၂၃ ရက်)၊ နံနက် ၂နာရီ ၄၀မိနစ်အချိန်ခန့်က ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ တောင်ကလေးကျေးရွာအထွက်ရှိ မစောတံတားကို အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ “တံ တားကတော့ မိုင်းခွဲခံရတာပါ။ မနက်အစောပိုင်းလောက်က ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရပြီးတော့ တံတားကကျိုးကျ သွားတာပါ”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။

အဆိုပါ မစောတံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အလျား (၁၀၆)ပေ၊ အကျယ်(၂၄)ပေရှိ ကွန်ကရစ်တံတား၏ (၃)ပုံ(၂)ပုံခန့်မှာ ချောင်းအတွင်းသို့ ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် လူငယ်(၄)ဦးသည် မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျနေသော မစောတံတား၏ အခြေအနေကိုမသိရှိပဲ ဆိုင်ကယ် စီးနင်းမောင်းနှင်လာသည့်အတွက် ချောင်းအတွင်းသို့ပြုတ်ကျကာ အသက်(၂၀)ကျော်အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သိရသည်။

“တံတားကျိုးကျပြီးတော့ ဘားအံဘက်ကနေဆင်းလာတဲ့ ဆိုင်ကယ်ဘီးကြီး(၃)စီးက တံတားကျိုးထားကိုမသိပဲ စွတ်မောင်းတော့ အောက်ကို ပြုတ်ကျသွားတာ။ အဲဒီမှာ လူ(၄)ယောက်ပါပြီး လင်မယား(၂)ယောက်စီးလာတဲ့ဆိုင်ကယ်က အမျိုးသားက ဆုံးသွားတယ်။ အမျိုးသား တစ်ယောက်က လက်(၂)ဖက်လုံးကျိုးသွားတယ်။ ကျန်တဲ့လူ(၂)ယောက်တော့ ပွန်းပဲ့လောက်ပဲရကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ လက်ရှိတွင် မစောတံတားကျိုးကျပျက်စီးသွားသည့်အတွက် ရန်ကုန်-မော်လမြိုင်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လျက်ရှိကာ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများကို ယခင်ကကျုံအိတ်တံတားကျိုးကျသည့်ဖြစ်စဉ်နောက်ပိုင်းအသုံးပြုခဲ့သည့် တောလမ်းကိုသာ ပြန်လည်အသုံးပြုနေရကြောင်း  ဒေသခံများကဆိုသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားတစ်ခြမ်းပြိုကျပျက်စီးသွားခဲ့ပြီး တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျကာ ပြည်သူတစ်ဦးသေဆုံးခဲ့ဖူးသည်။

                            

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူညီဖို့အတွက် တိုက်ခိုက်ရေးသမားတွေအဆင် သင့်ရှိနေပြီဖြစ်တယ်လို့ ချေချင်းညာဒေသခေါင်းဆောင်ပြော

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved