ယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူညီဖို့အတွက် တိုက်ခိုက်ရေးသမားတွေအဆင် သင့်ရှိနေပြီဖြစ်တယ်လို့ ချေချင်းညာဒေသခေါင်းဆောင်ပြော
Pika (NSS) - မေ ၂၃
ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်က ၎င်းဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ပြီး ယူကရိန်းပဋိပက္ခမှာ ရုရှားကိုကူညီဖို့အတွက် တိုက် ခိုက်ရေးသမားတွေ အဆင်သင့်ရှိနေပြီဖြစ်တယ်လို့ မေလ(၂၃)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရမ်ဇန်ကာဒီရော့ဗ်ဟာ ပူတင်နဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကိုတင်ခဲ့ပြီး ချေချင်းညာဒေသရဲ့ စီးပွားရေးပြဿနာတွေနဲ့ အလားအလာတွေကို ဆွေးနွေးခဲ့သလို ပူတင်ကို ချေချင်းညာဒေသကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပူတင်က အမိန့်ပေးလိုက်မယ်ဆိုရင် ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ တိုက်ခိုက်ပေးဖို့အတွက် ကောင်းစွာလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမား သောင်းချီကို အဆင်သင့်ပြင်ထားတယ်လို့ ရမ်ဇန်ကာဒီရော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စေတနာ့ ဝန်ထမ်း(၁၈၀၀၀)ဦးအပါအဝင် တပ်ဖွဲ့ဝင်(၄၃၅၀၀)ဦးဟာ ရုရှားစစ်တပ်မှာ ယခင်ကတည်းက တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ ရမ်ဇန်ကာဒီရော့ဗ်ကပြောကြားခဲ့ပါတယ်။
၎င်းက 'ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ကို ချေချင်းညာဒေသကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ချေချင်းညာခွဲထွက်ရေးသမားတွေဟာ ရုရှားစစ်တပ်နဲ့ စစ်ပွဲ(၂)ပွဲဆင်နွှဲခဲ့ပြီး ရလဒ်အနေနဲ့ ကြီးမားတဲ့ပျက်စီးမှုတွေနဲ့အသေအပျောက်တွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။နောက်ပိုင်းမှာ ပူတင်ဟာ ရမ်ဇန်ကာဒီရော့ဗ်ကို မွတ်ဆလင်အများစုနေထိုင်ရာချေချင်းညာဒေသကို ကောင်းမွန်စွာလည်ပတ်နိုင်စေဖို့ လုပ်ဆောင်နိုင်မယ့် အခွင့်အရေးကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွန်တိန်နာစနစ်ဖြင့် ရန်ကုန်- ကော့သောင်း လမ်းကြောင်းမှ ပို့ကုန်တင်ပို့ရန် ဒေါ်လာ(၄) သန်းကျော်တန်ဖိုးရှိ ပို့ကုန်လိုင်စင် (၁၄)စောင်ခွင့်ပြုခဲ့
RELATED POSTS
16 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
16 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
16 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
16 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ