Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
1980 model နှင့် ၎င်းမတိုင်မီယာဥ်များကို ရှေးဟောင်း Classic မော်တော်ယာဥ်အဖြစ်သတ်မှတ်၍ ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်ပေးမည်

ယွန်း (NSS) - ဇန်နဝါရီ ၁၈

1980 model နှင့် ၎င်းမတိုင်မီယာဥ်များကို ရှေးဟောင်း Classic မော်တော်ယာဥ်အဖြစ်သတ်မှတ်၍ ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၁၇)ရက်က အသိပေးထုတ်ပြန်ထားသည်။ 


ရှေးဟောင်း Classic မော်တော်ယာဥ်များအား တန်ဖိုးထားထိန်းသိမ်းရေး နှင့် သမိုင်းဝင်ယာဥ်များအဖြစ် တရားဝင်မှတ် တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အထက်ပါကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 model နှင့် ၎င်းမတိုင်မီယာဥ်များကို ရှေးဟောင်း Classic မော်တော်ယာဥ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန် လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မှတ်ပုံတင်ခွင့်ဆောင်ရွက်ရာတွင် မူလကမှတ်ပုံတင်ထားရှိခဲ့သော ယာဥ်များကိုသာ ပြန်လည်ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ပြီး ရောက်ရှိယာဥ်အမှတ်သစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကညနရဲ့မူဝါဒအရ (၅)နှစ် ဆက်တိုက် သက်တမ်းတိုးခြင်းမရှိရင် ဖျက်သိမ်းမယ်ဆိုတဲ့မူဝါဒရှိတယ်။ အဲဒီတော့ တစ်ချို့က classic ကားတွေက (၅)နှစ်ကျော်သွားတော့ ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့ဘူး။ အဲဒီကားတွေအကုန်လုံးကို ထိုက်သင့်တဲ့အခနဲ့ ပြန်ပြီးတော့မှတ်ပုံတင်ခွင့်ပေးတာပါ။ ၂၀၂၂ လောက်မှာ ဒီလိုပဲတစ်ခါကြေညာခဲ့သေးတယ်။ အဲဒီတုန်းက စိတ်ဝင်စားမှုက နည်းတော့ လာတဲ့အစီးကလည်းနည်းပါးခဲ့တယ်။ အခုကတော့ ထပ်ပြီးကြေညာတာပေါ့။ အဓိကကတော့ အဲဒီလိုကားမျိုးတွေကို သမိုင်းဝင်ကားပုံစံမျိုးနဲ့ မှတ်တမ်းပြန်တင်ပေးတာ။ 1980 နဲ့ မတိုင်ခင်က ကားဖြစ်နေပေမဲ့ မောင်းနှင်ခြင်းလည်းမရှိဘူး၊ သုံးလို့မရတဲ့ကားမျိုးဆိုရင်လည်း မရပါဘူး” ဟု မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်း ချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NSS ကို သုံးသပ်ပြောကြားထားသည်။

ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် ဖေဖော်ဝါရီလ (၁)ရက်မှစ၍ ဇူလိုင်လ(၃၁) ရက်အထိ (၆)လအတွင်း ဆက်သွယ်ဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက www.motc.gov.mm၊ www.myanmarrtad.com တို့တွင် လေ့လာနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့များကို AI နည်းပညာအသုံးပြုကာ တိုးမြှင့်ထုတ်လုပ်ရန် မြန်မာ-ရုရှား ဆွေးနွေးနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved