Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံသားများကို သတ်ဖြတ်ခဲ့သူတွေအပေါ် ပြင်းထန်တဲ့အရေးယူအပြစ်ပေးမှုလုပ်ဖို့ တရုတ်သမ္မတ တောင်းဆို

ဂျန်ဇက် (NP News) - မတ် ၂ဝ


တရုတ်နိုင်ငံသားအလုပ်သမား (၉)ဦးကို သတ်ဖြတ်မှုကျူးလွန်ခဲ့သူများကို ပြင်းထန်တဲ့ ပြစ်ဒဏ်များပေးရမှာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


ဗဟိုအာဖရိကနိုင်ငံမှာအလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား သတ္တုတွင်း အလုပ်သမား (၉)ဦးဟာ Bambari မြို့အနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သေနတ်သမားအုပ်စုရဲ့ သတ်ဖြတ်ခံရမှုတွေ့ကြုံပြီးနောက် တရုတ်သမ္မတ

က အခုလိုမျိုးတိုက်တွန်းပြောဆိုခဲ့တာပါ။


ဗဟိုအာဖရိကနိုင်ငံရဲ့ မြို့တော်ဝန်တစ်ဦးဖြစ်တဲ့ မက်ချီပါတာက သေနတ်သမားအုပ်စုရဲ့တိုက်ခိုက်ခံရမှုကြောင့် ရုပ်အလောင်း (၉)လောင်းနဲ့ ဒဏ်ရာရသူနှစ်ဦးကိုတွေ့ရှိခဲ့ကြောင်း၊ တိုက်ခိုက်ခံရသူတွေဟာတရုတ်နိုင်ငံသားများဖြစ်တယ်လို့ ပြောပါတယ်။ အဆိုပါတရုတ်နိုင်ငံသား သတ်ဖြတ်ခံရမှုနောက်ကွယ်မှာပါဝင်နေသူများကို ပြင်းထန်တဲ့အရေးယူ အပြစ်ပေးမှုများပြုလုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗဟိုအာဖရိကအစိုးရတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုထားကြောင်းသိရပါတယ်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တရုတ်သမ္မတဟာ ဒဏ်ရာရသူတွေကို အစွမ်းကုန်ကုသဖို့ ညွှန်ကြားထားတယ်။ တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်။ ဒါ့ပြင် တရုတ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံမှုရှိအောင်လုပ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်"လို့ပြောပါတယ်။


ဗဟိုအာဖရိကနိုင်ငံအာဏာပိုင်တွေဟာ အဆိုပါတရုတ်နိုင်ငံသားများ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်းမရှိသလို ဝန်ခံပြောဆိုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းလည်း မရှိကြောင်း သိ ရပါတယ်။ ဗဟိုအာဖရိကနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာတွေ့ကြုံခဲ့ရပြီး ၂ဝ၁၃ ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှာ ပါဝင်နေပါတယ်။ လက်နက်ကိုင်အုပ်စုတွေဟာ ၂ဝ၁၃ ခုနှစ်မှာ သမ္မတဖရန်ကိုစ့် ဘိုဇီကိုရာထူးက ဖြုတ်ချခဲ့ပြီးနောက် ဗဟိုအာဖရိကနိုင်ငံအတွင်း ပြည် တွင်းစစ်အရှိန် ပိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။

zawgyi version

တ႐ုတ္ႏိုင္ငံသားမ်ားကို သတ္ျဖတ္ခဲ့သူေတြအေပၚ ျပင္းထန္တဲ့အေရးယူအျပစ္ေပးမႈလုပ္ဖို႔ တ႐ုတ္သမၼတ ေတာင္းဆို

ဂ်န္ဇက္ (NP News) - မတ္ ၂ဝ


တ႐ုတ္ႏိုင္ငံသားအလုပ္သမား (၉)ဦးကို သတ္ျဖတ္မႈက်ဴးလြန္ခဲ့သူမ်ားကို ျပင္းထန္တဲ့ ျပစ္ဒဏ္မ်ားေပးရမွာျဖစ္ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။


ဗဟိုအာဖရိကႏိုင္ငံမွာအလုပ္လုပ္ေနတဲ့ တ႐ုတ္ႏိုင္ငံသား သတၱဳတြင္း အလုပ္သမား (၉)ဦးဟာ Bambari ၿမိဳ႕အနီးမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေသနတ္သမားအုပ္စုရဲ႕ သတ္ျဖတ္ခံရမႈေတြ႕ႀကဳံၿပီးေနာက္ တ႐ုတ္သမၼတ

က အခုလိုမ်ိဳးတိုက္တြန္းေျပာဆိုခဲ့တာပါ။


ဗဟိုအာဖရိကႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ဝန္တစ္ဦးျဖစ္တဲ့ မက္ခ်ီပါတာက ေသနတ္သမားအုပ္စုရဲ႕တိုက္ခိုက္ခံရမႈေၾကာင့္ ႐ုပ္အေလာင္း (၉)ေလာင္းနဲ႔ ဒဏ္ရာရသူႏွစ္ဦးကိုေတြ႕ရွိခဲ့ေၾကာင္း၊ တိုက္ခိုက္ခံရသူေတြဟာတ႐ုတ္ႏိုင္ငံသားမ်ားျဖစ္တယ္လို႔ ေျပာပါတယ္။ အဆိုပါတ႐ုတ္ႏိုင္ငံသား သတ္ျဖတ္ခံရမႈေနာက္ကြယ္မွာပါဝင္ေနသူမ်ားကို ျပင္းထန္တဲ့အေရးယူ အျပစ္ေပးမႈမ်ားျပဳလုပ္ဖို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ဗဟိုအာဖရိကအစိုးရတာဝန္ရွိသူမ်ားကို တိုက္တြန္းေတာင္းဆိုထားေၾကာင္းသိရပါတယ္။ 


တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "တ႐ုတ္သမၼတဟာ ဒဏ္ရာရသူေတြကို အစြမ္းကုန္ကုသဖို႔ ၫႊန္ၾကားထားတယ္။ တ႐ုတ္ႏိုင္ငံသားေတြကို သတ္ျဖတ္ခဲ့သူေတြကို ဥပေဒနဲ႔အညီ အေရးယူအျပစ္ေပးဖို႔လည္း ေတာင္းဆိုခဲ့တယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံသားေတြ ေဘးကင္းလုံၿခဳံမႈရွိေအာင္လုပ္ေပးဖို႔လည္း ေတာင္းဆိုခဲ့တယ္"လို႔ေျပာပါတယ္။


ဗဟိုအာဖရိကႏိုင္ငံအာဏာပိုင္ေတြဟာ အဆိုပါတ႐ုတ္ႏိုင္ငံသားမ်ား တိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္ေဖာ္ျပျခင္းမရွိသလို ဝန္ခံေျပာဆိုထားတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းလည္း မရွိေၾကာင္း သိ ရပါတယ္။ ဗဟိုအာဖရိကႏိုင္ငံဟာ ျပည္တြင္းစစ္ဒဏ္ကို ႏွစ္ေပါင္းမ်ားစြာေတြ႕ႀကဳံခဲ့ရၿပီး ၂ဝ၁၃ ခုႏွစ္ေနာက္ပိုင္းကတည္းက ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံမ်ားထဲမွာ ပါဝင္ေနပါတယ္။ လက္နက္ကိုင္အုပ္စုေတြဟာ ၂ဝ၁၃ ခုႏွစ္မွာ သမၼတဖရန္ကိုစ့္ ဘိုဇီကိုရာထူးက ျဖဳတ္ခ်ခဲ့ၿပီးေနာက္ ဗဟိုအာဖရိကႏိုင္ငံအတြင္း ျပည္ တြင္းစစ္အရွိန္ ပိုျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငါးများအတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သည့် အားဖြည့်အမှုန့်များကို စီးပွား‌ဖြစ်ထုတ်လုပ်ရန် လိုအပ်ဟုဆို

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved