ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်၍ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ မန္တလေး၌ ဖမ်းဆီးရမိ
Pearl (NSS) - ဇန်နဝါရီ ၁၇
မန္တလေး၌ ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်၍ သိုဝှက်သယ်ဆောင်လာသည့်ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဘိမ်းဖြူများကို ပြီးခဲ့သော ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈ လမ်း၊ ၆၂ လမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အဆိုပါ လမ်း ထောင့်တွင် ဇင်မင်းထွန်း မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၄၄၀၀ ခွက်ဖြင့်ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရပြီး လက်ရှိတွင် ၎င်းအား ဥပဒေအရအရေးယူထား၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအားလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်တွင်လည်း ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရောင်းဝယ်မည့် ငွေကျပ်(၅)ဘီလျံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ခိုက်မှုများအတွက် အီရန်နိုင်ငံ အကျိုးဆက်တွေ ပြန်ရင်ဆိုင်ရမယ်လို့ ပါကစ္စတန်အစိုးရ သတိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း