တိုက်ခိုက်မှုများအတွက် အီရန်နိုင်ငံ အကျိုးဆက်တွေ ပြန်ရင်ဆိုင်ရမယ်လို့ ပါကစ္စတန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၇
ပါကစ္စတန်နိုင်ငံဟာ ဘလိုချီစတန်ပြည်နယ်ကို အီရန်စစ်တပ်က ဒုံးကျည်တွေနဲ့တိုက်ခိုက်ခြင်းနဲ့ပတ်သက်ပြီး အီရန်နိုင်ငံကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
ပါကစ္စတန်အစိုးရက အီရန်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို ချိုးဖောက်ခြင်းမျိုးဖြစ်ပြီး တစ်ဖက်သတ်ဆန်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အီရန်နိုင်ငံဟာ ဇန်နဝါရီ ၁၅ ရက် က အီရတ်နဲ့ ဆီးရီးယားနိုင်ငံရှိ အစ္စရေးစပိုင်စခန်းတွေနဲ့ အစွန်းရောက်အဖွဲ့စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်မှာ Jaish al-Adl လက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အီရန်စစ်တပ်က အဆိုပါလက်နက်ကိုင်အဖွဲ့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက အီရန်ရဲတပ်ဖွဲ့ဝင် ဒါဇင်ချီ သေဆုံးစေ ခဲ့တဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။
"ပါကစ္စတန်ပိုင်နက်အတွင်းတိုက်ခိုက်မှုအပြင် ပါကစ္စတန်လေကြောင်းပိုင်နက်တွေကို တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် မိန်းကလေးသုံးဦး ဒဏ်ရာရခဲ့တယ်။ ကလေးနှစ်ဦး သေဆုံးခဲ့တယ်။ ပါကစ္စတန်နိုင်ငံရဲ့ပိုင်နက်တွေကို တိုက်ခိုက်ခြင်းအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရ မယ်" လို့ ပြောပါတယ်။
အီရန်နိုင်ငံရဲ့လုပ်ရပ်က အပြန်အလှန်ယုံကြည်မှုတွေကို ထိခိုက်စေပြီး ဆိုးရွားတဲ့သက်ရောက်မှုများဖြစ်လာစေနိုင် ကြောင်း ပါကစ္စတန်အစိုးရက ပြောပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အဆိုပါ ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့ရဲ့အခိုင်မာခြေကုတ်စခန်းနှစ်ခုပျက်စီးခဲ့ပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာတွေက ဖော်ပြ ထားပါတယ်။
ပါကစ္စတန်အာဏာပိုင်တွေဟာ ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံရုံးတာဝန်ရှိသူတွေကိုခေါ်ယူပြီး ကန့်ကွက် သတိပေးခြင်းတွေလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မပူတင်နဲ့မိသားစုတွေ ထောင်ထဲမှာ နှစ်ရှည်နေထိုင်ရမယ်လု့ိ ယူကရိန်းသမ္မတ သတိပေးခြိမ်းခြောက်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ