၁၃ နာရီကြာ လေယာဉ်ပျံသန်းမှု နှောင့်နှေးမှုကြောင့် လေယာဉ်မှူးကို ခရီးသည်က ပါးရိုက်မှု အိန္ဒိယမှာဖြစ်ပွား
ရောင်နီ (NSS) - ဇန်နဝါရီ ၁၆
အိန္ဒိယလေကြောင်းလိုင်း IndiGo မှ ခရီးသည်တစ်ဦးဟာ ရာသီဥတုဆိုးရွားမှုကြောင့် ၁၃ နာရီကြာ လေယာဉ်နှောင့်နှေးမှုဖြစ်ခဲ့ရပြီးနောက် စိတ်မရှည်တော့ဘဲ လေယာဉ်မှူးကို ပါးရိုက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ နယူးဒေလီမြို့ အင်ဒီရာဂန္ဒီ နိုင်ငံတကာလေဆိပ်မှာ ဇန်နဝါရီလ ၁၄ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါလေယာဉ်ဟာ ဒေလီမှ ဂိုအာကို ပျံသန်းဖို့ စီစဉ်ထားတာဖြစ်ပြီး မြူထူထပ်ခြင်းနဲ့ အအေးဓာတ် လွန်ကဲခြင်းကြောင့် ၁၃ နာရီကြာ မပျံသန်းနိုင်သေးဘဲ နှောင့်နှေးမှု ဖြစ်ခဲ့ရပါတယ်။
ဒေလီမှာ ဇန်နဝါရီလ ၁၄ ရက်က အခြားလေကြောင်းခရီးစဉ် ၁၀၀ ကျော်လည်း နှောင့်နှေးခဲ့ရပြီး ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းမှာမှ ပြန်လည်စတင်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒါကို IndiGo လေကြောင်းလိုင်းမှ ခရီးသည်တစ်ဦးက သူ့ရဲ့ခရီးစဉ်နှောင့်နှေးမှုကြောင့် လေယာဉ်မှူးကို ပါးရိုက်ခဲ့တာပါ။ အဲဒီနောက် ၎င်းလည်း ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
Instagram အသုံးပြုသူ @EvgeniaBelskaia မှ ဇန်နဝါရီလ ၁၄ ရက်က တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ အဝါရောင် hoodie ၀တ်ထားတဲ့ ခရီးသည်တစ်ဦးက ခရီးစဉ်နှောင့်နှေးမယ့်အကြောင်း ကြေညာနေတဲ့ လေယာဉ်မှူးကို ပါးရိုက်ခဲ့ပုံ၊ အခြားလေယာဉ်မှူး၂ ဦးက ဝင်ရောက်ဖြန်ဖြေခဲ့ပုံတို့ကို မြင်တွေ့ရပါတယ်။
အဆိုပါခရီးသည်ဟာ စိတ်ဆန္ဒအရ နာကျင်စေမှုနဲ့ အပြစ်ပေးခံရနိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
လေကြောင်း ဝက်ဘ်ဆိုက် Flightradar24 ရဲ့အဆိုအရ ဒေလီမှ ထွက်ခွာတဲ့ လေယာဉ်ခရီးစဉ် အနည်းဆုံး ၁၆၈ ခုနှောင့်နှေးခဲ့ပြီး ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက လေကြောင်းခရီးစဉ် ၅၆ ခုကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြူထူထပ်မှုကြောင့် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှ ဒေလီကို ပြေးဆွဲတဲ့ အနည်းဆုံး ရထား ၁၈ စင်းလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-အာဆီယံ ပြည်သူအကြား ရိုးရာယဉ်ကျေးမှုဖလှယ်ခြင်းနှစ် အထိမ်းအမှတ်အဖြစ် တရုတ်ဖောင်ဒေးရှင်းမှ ကျောင်းသုံးပစ္စည်းများ သိန်း ၁၀၀ ဖိုးခန့် လှူဒါန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း