ဗိုလ်တထောင်မြို့နယ်၌ အချင်းချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် အချင်းချင်းစကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်အထိုးခံခဲ့ရကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၃)လမ်း၊ ကမ်းနားလမ်းထိပ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အချင်းချင်းစကားများရင်းကနေ ဓားနဲ့လိုက်ထိုးတာပါ။ အထိုးခံရတဲ့အမျိုးသားကလည်း အုပ်ချုပ်ရေးမှူးရုံးကို ဓားဒဏ်ရာနဲ့ အကူအညီ လာတောင်းခဲ့တာပါ”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသား၏ ကျောကုန်း၌ (၁)လက်မခန့်အနက်ရှိ ဓားဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့အမျိုးသားက စိုးရိမ်ရတဲ့အနေအထားတော့မရှိပါဘူး။ ကျူးလွန်တဲ့သူကိုတော့သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်ဆေးအရေးယူထားပါတယ်။ အရင်တုန်းက ဗိုလ်တထောင်မုဒ်ဦးမှာ သေတဲ့အထိ ထိုးသတ်တဲ့ဖြစ်စဉ်ဖြစ်ဖူးတယ်။ ခုအချိန်ကလည်း လူတိုင်းနီးပါးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြတာတွေဆိုတော့ စိတ်ကိုထိန်းချုပ်စေချင်တယ်။ အားလုံးကို မေတ္တာစိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်ခွင့်လွှတ်ပေးကြပါလို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းကအကြံပြုပြောကြားထားသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာက အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဝါရောင်လိုင်း စတစ်ကာ တပ်ဆင်ခြင်းမရှိသည့် City Taxi များကို လာမည့် ဖေဖော်ဝါရီလမှစ၍ အရေးယူသွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း