Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ငွေကျပ် (၁)ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများကို သယ်ဆောင်ထွက်ပြေးသော LAND CRUISER ကားကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး

စော (NP News)-  မတ် ၂ဝ


မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့တွင် စစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ငွေကျပ် (၁)ဘီလျံတန်ဖိုးရှိ ဘိန်းဖြူများကို သယ်ဆောင်ထွက်ပြေးသော LAND CRUISER ကားကို ရဲတပ်ဖွဲ့များက ပိတ်ဆို့ဖမ်းဆီးခဲ့ ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ မတ်လ(၁၉)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။


ဖြစ်စဉ်မှာ မူးယစ်‌ဆေးဝါးများ သယ်လာသည့် မော်တော်ယာဥ်သည် ပုသိမ်ကြီးမြို့ရှိ အုန်းချောကျေးရွာ (၁၆)မိုင် စစ်ဆေးရေးဂိတ်အားရှောင်ကွင်း၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းအရ ရှာဖွေရန်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ပိတ်ဆို့ရှာဖွေရန် ဆောင်ရွက်နေစဥ် မတ်လ (၁၄)ရက်၊ နေ့လည်(၂)နာရီခွဲအချိန်တွင် မသင်္ကာဖွယ်ယာဉ်တစ်စီးရောက်ရှိလာပြီး ရှာဖွေစစ်ဆေးရန် ရပ်ခိုင်းရာ စစ်ဆေးမခံဘဲ အရှိန်မြင့်စွာမောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။


‌ထို့ကြောင့် အဆိုပါ ယာဥ်အားပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ(၃)နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊၅၈(A)လမ်းနှင့် ၁၁ဝ လမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ထိုသို့ ဖမ်းဆီးရမိခဲ့ရာ ယာဥ်ပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ်(၂၂)အိတ်အတွင်းမှ ဆပ်ပြာခွက်ပေါင်း (၄၈၄ဝ)ခွက်ဖြင့်ထည့်ထားသော ငွေကျပ် (၁ ဒသမ ၂၁)ဘီလျံ တန်ဖိုးရှိသော ဘိန်းဖြူ (၄၈ ဒသမ ၄) ကီလိုနှင့်အတူ ကိုတူးလွမ်အား ဖမ်းဆီးရမိခဲ့သည်။


စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဘိန်းဖြူများကို ရှမ်းပြည်(မြောက်ပိုင်း)မှ မန္တလေးတိုင်းသို့ သယ် ဆောင်လာစဥ် လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများအားရှောင်ကွင်း၍ သယ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


လက်ရှိတွင် ကိုတူးလွမ်အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

zawgyi version



စော (NP News)-  မတ် ၂ဝ

















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို တပ်ချုပ်သွားရောက်တွေ့ဆုံ

RELATED POSTS
RECENT POSTS
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved