Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို တပ်ချုပ်သွားရောက်တွေ့ဆုံ

မျိုးကြီး (NP News) - မတ် ၂ဝ


စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


၎င်းအနေဖြင့် မတ်လ ၁၉ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို တွေ့ဆုံခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။


နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ် ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုအခြေအနေများကို တပ်ချုပ်နှင့်အဖွဲ့မှမေးမြန်းကာ အားပေးစကားပြောဆိုခဲ့ကြောင်း သိရသည်။


ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးနှင့် အဖွဲ့ဝင်များကလည်း ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် PDF များ၏ အ ကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ကုသမှုခံလျက်ရှိသည့် ဒေသခံပြည်သူများကိုလည်း မေးမြန်းအားပေးစကားဆိုကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။


ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများတွေ့ဆုံစဉ်အချိန်တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သင်ကြားပေးထားသည့် စစ်အတတ် ပညာများကို အပြည့်အဝအသုံးချရန်လိုအပ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။


ထို့ပြင် တပ်မတော်သားများအနေဖြင့် သင်ယူတတ်မြောက်ထားသည့် စစ်နည်းဗျူဟာများနှင့် စစ်အ တတ်ပညာများကို အပြည့်အဝအသုံးချမှသာ စစ်မြေပြင်၌ ထိခိုက်မှုနည်းပါးစေမည်ဖြစ်ကြောင်းလည်း တပ်ချုပ်က အသိပေးပြောဆိုခဲ့သည်။


နစကအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည်။


စစ်ကိုင်းတိုင်းသည် ၂ဝ၂၁ ခုနှစ် တပ်မတော်မှ နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့အစည်း အများအပြားပေါ်ပေါက်လာခဲ့သည့်တိုင်းဖြစ်ပြီး အကြမ်းဖက်သတ်ဖြတ်မှု၊ ပစ်ခတ်တိုက်ခိုက်မှုများစွာ ဖြစ်ပွားလျက်ရှိသည့် တိုင်းတစ်ခုလည်းဖြစ်သည်။

zawgyi version

စစ္ကိုင္းတိုင္းအတြင္း လုံၿခဳံေရးႏွင့္တရားဥပေဒစိုးမိုးေရးတာဝန္ထမ္းေဆာင္စဥ္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားကို တပ္ခ်ဳပ္သြားေရာက္ေတြ႕ဆုံ


မ်ိဳးႀကီး (NP News) - မတ္ ၂ဝ


စစ္ကိုင္းတိုင္းအတြင္း လုံၿခဳံေရးႏွင့္တရားဥပေဒစိုးမိုးေရးတာဝန္ထမ္းေဆာင္စဥ္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္အဖြဲ႕က သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သတင္းရရွိသည္။


၎အေနျဖင့္ မတ္လ ၁၉ ရက္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ သြားေရာက္ကာ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားကို ေတြ႕ဆုံခဲ့ေၾကာင္း နစက၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။


ႏိုင္ငံေတာ္တည္ၿငိမ္ေရး၊ လုံၿခဳံေရးႏွင့္တရားဥပေဒစိုးမိုးေရးတာဝန္မ်ားကို ထမ္းေဆာင္စဥ္ ထိခိုက္ဒဏ္ ရာရရွိခဲ့သည့္ အရာရွိ၊ စစ္သည္တစ္ဦးခ်င္း၏ ထိခိုက္ဒဏ္ရာရရွိမႈ၊ ေဆးကုသေပးထားမႈအေျခအေနမ်ားကို တပ္ခ်ဳပ္ႏွင့္အဖြဲ႕မွေမးျမန္းကာ အားေပးစကားေျပာဆိုခဲ့ေၾကာင္း သိရသည္။


ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ဇနီးႏွင့္ အဖြဲ႕ဝင္မ်ားကလည္း ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနသည့္ အရာရွိ၊ စစ္သည္မ်ား၊ ျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္မ်ား၏ မိသားစုဝင္မ်ားႏွင့္ PDF မ်ား၏ အ ေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိကာ ေဆး႐ုံတက္ေရာက္ကုသမႈခံလ်က္ရွိသည့္ ေဒသခံျပည္သူမ်ားကိုလည္း ေမးျမန္းအားေပးစကားဆိုကာ လိုအပ္ခ်က္မ်ားကို ညႇိႏႈိင္းျဖည့္ဆည္းေပးခဲ့ေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။


ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ မုံ႐ြာတပ္နယ္မွ အရာရွိ၊ စစ္သည္မိသားစုမ်ားေတြ႕ဆုံစဥ္အခ်ိန္တြင္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလိုက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ရာတြင္ သင္ၾကားေပးထားသည့္ စစ္အတတ္ ပညာမ်ားကို အျပည့္အဝအသုံးခ်ရန္လိုအပ္ေၾကာင္း အႀကံျပဳေျပာဆိုခဲ့သည္။


ထို႔ျပင္ တပ္မေတာ္သားမ်ားအေနျဖင့္ သင္ယူတတ္ေျမာက္ထားသည့္ စစ္နည္းဗ်ဴဟာမ်ားႏွင့္ စစ္အ တတ္ပညာမ်ားကို အျပည့္အဝအသုံးခ်မွသာ စစ္ေျမျပင္၌ ထိခိုက္မႈနည္းပါးေစမည္ျဖစ္ေၾကာင္းလည္း တပ္ခ်ဳပ္က အသိေပးေျပာဆိုခဲ့သည္။


နစကအေနျဖင့္ စစ္ကိုင္းတိုင္းအတြင္းရွိ အင္းေတာ္၊ ဗန္းေမာက္၊ ေကာလင္း၊ ပင္လယ္ဘူး၊ ေျမာင္၊ ဆားလင္းႀကီး၊ ပုလဲ၊ ယင္းမာပင္၊ ေ႐ႊဘို၊ ဝက္လက္ႏွင့္ အရာေတာ္ၿမိဳ႕နယ္တို႔ကို စစ္အုပ္ခ်ဳပ္ေရး (Martial Law) ေၾကညာထားသည္။


စစ္ကိုင္းတိုင္းသည္ ၂ဝ၂၁ ခုႏွစ္ တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ေတာ္လွန္ေရးအဖြဲ႕အစည္း အမ်ားအျပားေပၚေပါက္လာခဲ့သည့္တိုင္းျဖစ္ၿပီး အၾကမ္းဖက္သတ္ျဖတ္မႈ၊ ပစ္ခတ္တိုက္ခိုက္မႈမ်ားစြာ ျဖစ္ပြားလ်က္ရွိသည့္ တိုင္းတစ္ခုလည္းျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့၌ အသက်(၆ဝ)အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံပြီး အဆုံးစီရင်ရန် (၄)ကြိမ်ထက်မနည်း ကြိုးပမ်းခဲ့

RECENT POSTS
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved