သိန္နီ-ကွမ်းလုံလမ်းတွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံး
Pearl (NP News) - မတ် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ သိန္နီ-ကွမ်းလုံလမ်းတွင် ဆိုင်ကယ်နှင့် ကားယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၉ ရက်)၊ နေ့လည် (၁)နာရီ ဝန်းကျင်ခန့်တွင် သိန္နီ-ကွမ်းလုံလမ်း ပိန်းကန်းရွာတွင် ဖြစ်ပွားခဲ့ကြောင်း အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
"ကားက အတက်၊ ဆိုင်ကယ်က အဆင်းမှာ ဖြစ်သွားတာ၊ ဘယ်သူက မှားလဲတော့ မသိဘူး၊ တိုက်တာတော့ အရှိန်တော်တော်များတယ်၊ ဆုံးသွားတာက ဆိုင်ကယ်မောင်းတဲ့လူပါ၊ ကားမောင်းတဲ့လူကတော့ ဘာဒဏ်ရာမှ မရပါဘူး" ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူအား သိန္နီပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
သေဆုံးသူသည် အသက် (၃ဝ)နှစ်ကျော်ရှိပြီး ပန်ဆုံကျေးရွာတွင် နေထိုင်ကြောင်း သိရသည်။
zawgyi version
Pearl (NP News) - မတ် ၁၉
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ် (၁ဝ)လတာကာလအတွင်း ပြည်ပမှ ရေနံနှင့် ရေနံထွက်ပစ္စည်း တင်သွင်းမှု အမေရိကန်ဒေါ်လာ(၄)ဘီလျံကျော်အထိရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း