ရပ်ထားသည့်(၁၂)ဘီးကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ခဲ့ရာ အမျိုးသား(၂)ဦးသေဆုံးမှု ကွတ်ခိုင်မြို့တွင် ဖြစ်ပွား
စော (NP News) - မတ် ၁၉
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တွင် ရပ်ထားသည့် (၁၂)ဘီးကားကို ဆိုင်ကယ်မောင်းလာသည့် အမျိုးသား(၃) ဦးက ဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့၊ ဆက်သွယ်ရေးရုံးရှေ့တွင် မတ်လ(၁၈)ရက်၊ ည(၇)နာရီခွဲအချိန်၌ ဖြစ်ပွားခဲ့ကြောင်း ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းမှ သိရသည်။
“ရပ်ထားတဲ့ကားကို သုံးယောက်စီးလာတဲ့ဆိုင်ကယ်က ဝင်တိုက်တာပါ။ ကားက (၁၂)ဘီးကားပျက်လို့လမ်းဘေးမှာရပ်ထားတာပါ။ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အနေအထားပေါ့။ သူကတော့ ခေါင်းလည်း ထိထားပါတယ်။ နှစ်ယောက်ကတော့ကားအောက်ထဲက ဆွဲထုတ်ရတာပါ။ သူတို့နှစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ် ”ဟု ဗြဟ္မစိုရ် နှလုံးသားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသား(၃)ဦးအနက် (၂)ဦးသည် အခင်းဖြစ်ရာနေ ရာတွင် သေဆုံးခဲ့ပြီး တစ်ဦးသည် စိုးရိမ်ရဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ကွတ်ခိုင်ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသားနှစ်ဦးသည် မိုင်းဖြူလေးရွာတွင် နေထိုင်သူများဖြစ်ပြီး အသက်(၂၅)နှစ်အရွယ်ခန့်ရှိကြောင်း ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းမှ ပြောသည်။
zawgyi version
ရပ္ထားသည့္(၁၂)ဘီးကားကို ဆိုင္ကယ္ျဖင့္ဝင္တိုက္ခဲ့ရာ အမ်ိဳးသား(၂)ဦးေသဆုံးမႈ ကြတ္ခိုင္ၿမိဳ႕တြင္ ျဖစ္ပြား
ေစာ (NP News) - မတ္ ၁၉
ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕တြင္ ရပ္ထားသည့္ (၁၂)ဘီးကားကို ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသား(၃) ဦးက ဝင္တိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ကြတ္ခိုင္ၿမိဳ႕၊ ဆက္သြယ္ေရး႐ုံးေရွ႕တြင္ မတ္လ(၁၈)ရက္၊ ည(၇)နာရီခြဲအခ်ိန္၌ ျဖစ္ပြားခဲ့ေၾကာင္း ျဗဟၼစိုရ္ႏွလုံးသားလူမႈကူညီေရးအသင္းမွ သိရသည္။
“ရပ္ထားတဲ့ကားကို သုံးေယာက္စီးလာတဲ့ဆိုင္ကယ္က ဝင္တိုက္တာပါ။ ကားက (၁၂)ဘီးကားပ်က္လို႔လမ္းေဘးမွာရပ္ထားတာပါ။ တစ္ေယာက္ကေတာ့ စိုးရိမ္ရတဲ့အေနအထားေပါ့။ သူကေတာ့ ေခါင္းလည္း ထိထားပါတယ္။ ႏွစ္ေယာက္ကေတာ့ကားေအာက္ထဲက ဆြဲထုတ္ရတာပါ။ သူတို႔ႏွစ္ေယာက္ကေတာ့ ပြဲခ်င္းၿပီးဆုံးသြားတယ္ ”ဟု ျဗဟၼစိုရ္ ႏွလုံးသားလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသား(၃)ဦးအနက္ (၂)ဦးသည္ အခင္းျဖစ္ရာေန ရာတြင္ ေသဆုံးခဲ့ၿပီး တစ္ဦးသည္ စိုးရိမ္ရဒဏ္ရာမ်ားရရွိခဲ့ျခင္းေၾကာင့္ ကြတ္ခိုင္ျပည့္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ေသဆုံးသြားသည့္ အမ်ိဳးသားႏွစ္ဦးသည္ မိုင္းျဖဴေလး႐ြာတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး အသက္(၂၅)ႏွစ္အ႐ြယ္ခန႔္ရွိေၾကာင္း ျဗဟၼစိုရ္ႏွလုံးသားလူမႈကူညီေရးအသင္းမွ ေျပာသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို နေရာ(၂) ခု၌ ထည့်သွင်းကျင်းပမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း