PDF အဖွဲ့ဝင်များက အမျိုးသားတစ်ဦးကိုလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့မှု မြင်းခြံမြို့နယ်၌ဖြစ်ပွား
ကျော်(NSS) - ဇန်နဝါရီ ၁၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပင်လယ်ကျေးရွာအနီးတွင် PDF အဖွဲ့ဝင်များက အမျိုးသားတစ်ဦးကိုလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)၊ နံနက် ၁၁ နာရီခွဲခန့်က PDF အဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်၊ ပင်လယ်ကျေးရွာအနီးရှိ ဆီမီးခုံ-နဘူးအိုင်သွားကားလမ်းပေါ်တွင် အသက်(၅၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဥဒယကျေးရွာနေ ဦးပြည့်သိန်းဦး(ခ)ကိုမဲ(၅၀)နှစ်သည် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများ၊ နားရွက်နှစ်ဖက်ပြတ်ထွက်ဒဏ်ရာများ၊ ဆီးခုံအောက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
"ဦးပြည့်သိန်းဦး ဒဏ်ရာတွေနဲ့သေဆုံးနေတာကို လမ်းသွားလမ်းလာတစ်ယောက်ကတွေ့လို့ အကြောင်းကြားတဲ့အတွက် လုံခြုံ ရေးအဖွဲ့ကသွားပြီးစစ်ဆေးခဲ့တာပါ။ လက်ရှိ ရုပ်အလောင်းကို ဆေးရုံပို့ထားပြီး လိုအပ်တဲ့စုံစမ်းစစ်ဆေးတာတွေလုပ်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်)၊ ညနေ ၃ နာရီခွဲကျော်ခန့်ကလည်း PDF အဖွဲ့ဝင်များက နွားထိုးကြီးမြို့ နယ်၊ ဇေဒိတ်ကျေးရွာ၏ ကျေးရွာစာသင်ကျောင်းအနီး၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ဝင်းအား ကြိုးဖြင့်တုတ်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာနားထင်မှကျည်ဖောက်ဝင်ကာ ဘယ်နားထင်ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် မြန်မာ-အိန္ဒိယအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း