လုပ်သက်နှင့်လုပ်ငန်းလိုင်စင်(၂)နှစ်အထက်ရှိသည့် SME လုပ်ငန်းရှင်များကို ကျပ်သိန်း(၁၀၀၀၀)အထိ ထုတ်ချေးပေးမည်ဟု ဧရာဝတီဘဏ်ဆို
ယွန်း (NSS) - ဇန်နဝါရီ ၇
လုပ်သက်နှင့်လုပ်ငန်းလိုင်စင်(၂)နှစ်အထက်ရှိသည့် SME လုပ်ငန်းရှင်များကိုချေးငွေကျပ်သိန်း (၁၀၀၀၀)အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
AYA Bank မှ ယနေ့(ဒီဇင်ဘာလ ၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
AYA Bank အနေဖြင့် ပြည်တွင်းအားထားရသည့် စီးပွားရေးလုပ်ငန်းရှင်များ တိုးတက်စေရန်ရည်ရွယ်ပြီး AYA SME ကို ထုတ်ချေးပေးနေကြောင်း သိရသည်။
AYA SME သည် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း အပါအဝင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် ကုန်ထုတ်စွမ်းအားများ မြှင့်တင်စေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကုန်ထုတ်စွမ်းအားနှင့် အမြတ်ကို တိုးမြှင့်စေရန်အတွက် ကာလရှည်ချေးငွေ၊ ပေးရန်ရှိနှင့် ရရန်ရှိကြား ကာလတို ငွေသားလိုအပ်ချက်ကို ဖြည့်တင်းရန်ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ချေးငွေ နှင့် လစဉ်ပုံမှန်ဝင် ငွေရှိသော SME လုပ်ငန်းများ၊ Shop Owner များအတွက် ချေးငွေ ဟူ၍ (၄)မျိုးခွဲခြားထားကြောင်း သိရသည်။
ချေးငွေလျှောက်ထားသူများအနေဖြင့် လုပ်သက်နှင့် လုပ်ငန်းလိုင်စင်(၂)နှစ်အထက်ရှိသည့် SME လုပ်ငန်းများဖြစ်ရန်လိုပြီး ချေးငွေပမာဏကို ငွေကျပ်သိန်း(၁၀၀) မှ သိန်း(၁၀၀၀၀) အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း AYA Bank မှ အသိပေးထားသည်။
ချေးငွေများ၏အတိုးနှုန်းကို (၁၀)ရာခိုင်နှုန်းမှ (၁၄ ဒသမ ၅)ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဖြစ်ပြီး မြေနှင့် အဆောက်အဦး၊ ကွန်ဒို၊ တိုက်ခန်းတို့ကို အာမခံအပေါင်ပစ္စည်းအဖြစ် ပေးအပ်ရန်လိုအပ်ကြောင်း သိရသည်။
ချေးငွေများကို နီးစပ်ရာဧရာဝတီဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငမိုးရိပ်ချောင်းအတွင်း၌ ပုပ်ပွနေသော အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း