ဘုန်းကြီးကျောင်းရှေ့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လမ်းလျှောက်နေသည့် ကျောင်းထိုင်ဆရာတော် ထိခိုက်ဒဏ်ရာရရှိခဲ့
Pearl (NP News) - မတ် ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဘုန်းကြီးကျောင်းရှေ့လမ်းမပေါ်တွင် အကြမ်းဖက်အဖွဲ့က ထောင် ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၅)ရက်၊ ည(၆)နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ကျေးရွာတွင်ရှိသောဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးသောဘန(၄၃)နှစ် သည် ဘုန်းကြီးကျောင်း ရှေ့လမ်းမပေါ်၌ လမ်းလျှောက်နေစဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုသို့ လမ်းလျှောက်နေစဉ် လမ်း၏ဝဲဘက်ခြမ်းမှ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဆရာတော် ဥူးသောဘနတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
Pearl (NP News) - မတ် ၁၈
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UEC ၌ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ(၂၉)ပါတီအထိရှိလာခဲ့ပြီး (၇)ပါတီမှာ တစ်နိုင်ငံလုံးစည်းရုံးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း