ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ပိုက်ကွန်ကြိုးနှင့်ရစ်ပတ်မိ၍ သေဆုံးခဲ့
ကျော်(NSS) - ဇန်နဝါရီ ၄
ထိုင်းနိုင်ငံ၊ တရတ်ခရိုင်၊ ခလောက်ယိုင်မြို့နယ်တွင် ထိုင်းငါးဖမ်းသင်္ဘောပေါ်၌အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ပိုက်ကွန်ကြိုးနှင့်ရစ်ပတ်မိ၍သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
"သေဆုံးတဲ့ရက်ကို ကျွန်တော်တို့မသိပါဘူး။ မနေ့က(ဒီဇင်ဘာလ ၃ ရက်)မှာ တရတ်ခရိုင်မှာအခြေစိုက်တဲ့လူမှုကူညီရေးအသင်းက ငါးဖမ်းပိုက်ကွန်ကြိုးနဲ့ရစ်မိပြီးသေဆုံးနေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရှိတယ်ဆိုတာဖုန်းဆက်ပြီး အကြောင်းကြားတာကြောင့် ကူညီပေးဖို့သွားကြည့်ခဲ့ပါတယ်"ဟု မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသည့် ကိုကျော်ကျော်က NSS ကိုပြောသည်။
ငါးဖမ်းပိုက်ကွန်ဖြင့် ရစ်ပတ်မိ၍သေဆုံးသွားသူသည် ကိုအောင်မိုး(၄၂)နှစ်ဖြစ်ကာ ၎င်း၏ရုပ်အလောင်းအားခလောက်ယိုင်မြို့နယ်ရှိ ကန်ပါဟာဆိပ် ကမ်းတွင် တရတ်ခရိုင်လူမှုကူညီရေးအသင်းနှင့်ခလောင်ယိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လာရောက်သယ်ယူ၍ ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"ကိုအောင်မိုးအလုပ်လုပ်နေတဲ့သင်္ဘောက တန်ချိန် ၆၀ ရှိတဲ့ ငါးဖမ်းစက်လှေတစ်စီးပါ။ စမွတ်စခေါင်မှာအခြေစိုက်တယ်ပြောတယ်။ အလုပ်သမားတွေလည်းအများကြီးအလုပ်လုပ်နေကြတယ်လို့သိရပါတယ်။ သူတို့သင်္ဘောက ထိုင်းပိုင်နက်ပင်လယ်ကွေ့မှာငါးဖမ်းနေရင်း ကိုအောင်မိုးရဲ့ လည်ပင်းနဲ့ခြေထောက်တွေကို ပိုက်ကွန်နဲ့ရစ်ပတ်မိပြီး သေဆုံးသွားတာလို့ သိထားရတယ်။ အသေးစိတ်အချက်အလက်တွေကို တာဝန်ရှိတဲ့လူတွေက စစ်ဆေးနေကြပါတယ်"ဟု ကိုကျော်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်၊ နေ့လည် ၃ နာရီခန့်ကလည်း စမွတ်ပရကန်ခရိုင်၊ ဗန်ပူမြို့နယ်၊ ဖရက်စာမိုင်ရပ်တွင် မြန်မာနိုင်ငံသား(၂)ဦးမောင်းနှင်လာသောဆိုင်ကယ်သည် စွန်ထောင်ဝိဖတ်လမ်းတွင် လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်မိခဲ့သဖြင့် (၂) ဦးလုံးအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီဇင်ဘာလတွင် ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန်(၂)သိန်းနီးပါး တင်ပို့နိုင်ခဲ့သော်လည်း နယ်စပ်တင်ပို့မှုယခင်လထက်သိသာစွာလျော့နည်းခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း