မင်္ဂလာဒုံမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးဓားခုတ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရရှိ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးဓားခုတ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့(ဇန်နဝါရီလ ၁ ရက်)၊ မွန်းလွဲ ၁၂နာရီ ၄၉မိနစ်အချိန်တွင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာလမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အချင်းချင်း စကားများပြီး ရန်ဖြစ်ကြရင်းနဲ့ ဓားနဲ့ခုတ်တာလို့သိရတယ်။ သူတို့ချင်းကတော့ ဘယ်လိုပတ်သက်လည်းတော့ မသိခဲ့ဘူးပေါ့။ အခုတ်ခံရတဲ့လူက ဒဏ်ရာတော့များတယ်။ ဆေးရုံရောက်တဲ့ အချိန်ထိတော့ လူနာက သတိရပါသေးတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဓားဒဏ်ရာတွေအနေနဲ့ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေပေါ့” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့် အခုတ်ခံရသည့် အသက်(၃၀)ဝန်းကျင်အမျိုးသား၏ ဝဲဘက်မေးရိုးနှင့် ယာဘက်လက်မောင်းအပြင် ဒဏ်ရာများ ပြင်ထန်စွာရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုသားအား တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာအဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီအတွင်း အမေရိကန်ရေတပ် နှင့် ဟူသီလက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဟူသီလက်နက်ကိုင် (၁ဝ)ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း