YBS တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ပါက တစ်ကြိမ်ကျော်တက်လျှင် ဒဏ်ငွေကျပ် (၁ဝဝဝဝ) ချမှတ်ခံရမည်ဟု YRTC အသိပေး
NP News - မတ် ၁၆
YBS ယာဉ်များတစ်စီးနှင့် တစ်စီးကျော်တက်မောင်းနှင်ခြင်းမပြုရ စတစ်ကာ ကမ်ပိန်းကို မတ်လ ၁၅ ရက်ကပြုလုပ်ခဲ့ပြီး ပြစ်မှုပြစ်ဒဏ် (၁၃၈) ချက်အရ တစ်ကြိမ်ကျော်တက်လျှင် ဒဏ်ငွေကျပ် (၁ဝဝဝဝ) ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်ထားသည်။
ယနေ့ (မတ်လ ၁၆ ရက်)တွင် YRTC မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်း များအား အသိပညာပေး ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
YRTC ၏ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက “YBS ယာဉ်တွေ တစ်စီးနဲ့ တစ်စီးကျော်တက်၊ လုယက်မောင်းနှင် တာတွေကြောင့် တဖက်ယာဉ်ကြောကနေ မီးစိမ်းပြီး ထွက်လာတဲ့ ယာဉ်တွေနဲ့ထိပ်တိုက်တွေ့တာ၊ အခြား လမ်းမှန်ယာဉ်တွေနဲ့တိုက်မိတာ၊ လမ်းသွားလမ်းလာတွေ ထိခိုက်သေဆုံးခြင်းစတဲ့ မဖြစ်သင့်တဲ့ ဆုံးရှုံးမှု တွေ ကြုံတွေ့ရနိုင်ပါတယ်” ဟု ပြောသည်။
မီးနီဖြတ်သန်းမောင်းနှင်ခြင်းကို YRTC က လုံးဝခွင့်လွှတ်မည်မဟုတ်သည့်အပြင် ဥပဒေတွင် မီးဝါချိန်တွင် မီးပွိုင့်ရပ်မျဉ်းကို ကျော်ပြီးပါက ဖြတ်သန်းမောင်းနှင်နိုင်မည်ဟုဆိုသော်လည်း မီးဝါသည်နှင့် အတင်း ကျော်မောင်းရန် မဟုတ်ဘဲ အရှိန်လျှော့၍ ရပ်ထားရမည်ဖြစ်သည်။
ထို့ကြောင့် ခရီးသွားလုပ်သားပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှုမရှိရေး အဓိကထားသေချာကြပ်မတ် ပေးရန် YRTC က စောင့်ကြပ်အရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူပြီး အရေးယူခြင်းဖြစ်သည့်အတွက် သက်သေခိုင်လုံစွာဖြင့် အရေးယူခံရနိုင်ကြောင်းသိရသည်။ မီးနီဖြတ်ခြင်းကို (၃) ကြိမ်အထိ မှတ်သားရရှိပါက ယာဉ်လိုင်းကုမ္ပဏီများအား အရေးယူအပြစ်ပေးရန်လည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
ယာဉ်လိုင်းကုမ္ပဏီများနှင့် YRTC တို့ဆွေးနွေးတိုင်ပင်ရာတွင် ထိုသို့စည်းကမ်းမဲ့မောင်းနှင်နေရခြင်း၏ အကြောင်းအရင်းသည် ယာဉ်မောင်းများက ပုတ်ပြတ် (ခေါက်ကြေး) ယူ၍ လုယက်မောင်းနှင်ကြခြင်း ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံကိုအာဖရိကတိုက်အနောက်ပိုင်းမှာ ရေတပ်အခြေစိုက်စခန်းတည်ဆောက်ခွင့်မပေးသင့်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း