အင်ဒိုနီးရှားနိုင်ငံ ပါပူဝါခရိုင်မှာ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
ရောင်နီ (NSS) - ဇန်နဝါရီ ၁
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါခရိုင်မှာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၃၁ ရက်) က ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဥရောပ-မြေထဲပင်လယ် ငလျင်ဆိုင်ရာ စင်တာက ပြောကြားခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုဟာ အနက် ၃၉ ကီလိုမီတာ (၂၄.၂၃ မိုင်) ခန့်က လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ EMSC မှ ပြောကြားပါတယ်။ ဒါပေမယ့်လည်း ငလျင်ကြောင့် နောက်ဆက်တွဲ ဆူနာမီ ဆူနာမီအန္တရာယ်မရှိဘူးလို့ အမေရိကန် ဆူနာမီသတိပေးစနစ်က ပြောကြားခဲ့ပါတယ်။
ပြင်းအား ၆.၃ အဆင့်ဟာ နည်းတဲ့ပြင်းအားတော့ မဟုတ်ပါဘူး။ ဒါဟာ အခန့်မသင့်ရင် အဆောက်အဦး ပြိုပျက်မှုတွေပါဖြစ်နိုင်ပါတယ်။
ငလျင်လှုပ်ခတ်မှု မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံအတွက်ကတော့ ဒါဟာ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။ နိုင်ငံမှာ နှစ်စဉ် ငလျင် လှုပ်ခတ်မှုဟာ သေးသေးဖွဲဖွဲ အကြိမ်လေးတွေပါပေါင်းရင် အကြိမ် ၁၀၀၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ ရင်းနှီးမြှုပ်နှံခွင့်ရသည့် နိုင်ငံသားကုမ္ပဏီများစာရင်းကို မကြာမီလပိုင်းအတွင်း အသိပေးကြေညာမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း