(၄)နှစ်တာ အထူးစီမံကိန်းဖြင့် ဝါစိုက်ပျိုးဧရိယာ ဧက(၇)သိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေ
ယွန်း (NP News) - မတ် ၁၆
ပြည်တွင်း၌ ဝါစိုက်ပျိုးဧရိယာ တိုးချဲ့နိုင်ရန် စိုက်ဧက(၇)သိန်းအား (၄)နှစ်တာ အထူးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
နစက ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြီးခဲသည့် မတ်လ(၁၄)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများ အဆင်ပြေစေရေး အပါအဝင် ပြည်ပမှ ချည်မျှင်နှင့် ဝါဝယ်ယူမှု သွင်း ကုန်အစားထိုးရေးနှင့် ဝါစိုက်ပျိုးရေး တိုးချဲ့ရန်အတွက် လေးနှစ်တာအထူးစီမံကိန်းအနေဖြင့် စိုက်ဧက(၇)သိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်(၂ဝ၂၃ ခုနှစ်)၊ ဖေဖော်ဝါရီလ(၂၈)ရက်အထိ ဝါစိုက်ဧက (၄၅၈၃၈၈) ဧက စိုက်ပျိုးထားနိုင်ကြောင်း ဒုတပ်ချုပ်က အသိပေးပြောဆိုထားသည်။
တစ်ဖက်မှလည်း တိုင်းနှင့်ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ရေးဆွဲဆောင်ရွက်သွားရန်လိုအပ်ပြီး သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက သင့်တင့်သော ထောက်ပံ့ငွေများကို ပံ့ပိုးကူညီရန် ဒုတပ်ချုပ်က ဆက်လက်ပြောဆိုခဲ့သည်။
zawgyi version
(၄)ႏွစ္တာ အထူးစီမံကိန္းျဖင့္ ဝါစိုက္ပ်ိဳးဧရိယာ ဧက(၇)သိန္းအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေန
ယြန္း (NP News) - မတ္ ၁၆
ျပည္တြင္း၌ ဝါစိုက္ပ်ိဳးဧရိယာ တိုးခ်ဲ႕ႏိုင္ရန္ စိုက္ဧက(၇)သိန္းအား (၄)ႏွစ္တာ အထူးစီမံကိန္းျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
နစက ဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ၿပီးခဲသည့္ မတ္လ(၁၄)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ား အဆင္ေျပေစေရး အပါအဝင္ ျပည္ပမွ ခ်ည္မွ်င္ႏွင့္ ဝါဝယ္ယူမႈ သြင္း ကုန္အစားထိုးေရးႏွင့္ ဝါစိုက္ပ်ိဳးေရး တိုးခ်ဲ႕ရန္အတြက္ ေလးႏွစ္တာအထူးစီမံကိန္းအေနျဖင့္ စိုက္ဧက(၇)သိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္လ်က္ရွိရာ ယခုႏွစ္(၂ဝ၂၃ ခုႏွစ္)၊ ေဖေဖာ္ဝါရီလ(၂၈)ရက္အထိ ဝါစိုက္ဧက (၄၅၈၃၈၈) ဧက စိုက္ပ်ိဳးထားႏိုင္ေၾကာင္း ဒုတပ္ခ်ဳပ္က အသိေပးေျပာဆိုထားသည္။
တစ္ဖက္မွလည္း တိုင္းႏွင့္ျပည္နယ္အလိုက္ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ားကို ေရးဆြဲေဆာင္႐ြက္သြားရန္လိုအပ္ၿပီး သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ သီးႏွံစိုက္ခင္းမ်ား ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ပါက သင့္တင့္ေသာ ေထာက္ပံ့ေငြမ်ားကို ပံ့ပိုးကူညီရန္ ဒုတပ္ခ်ဳပ္က ဆက္လက္ေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့နိုင်မှုမှ အမေရိကန်ဒေါ်လာ သန်း(၁၃ဝဝ)နီးပါးရရှိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း